35 C
Yangon

ရေးမြို့​၊ ဝါဘသဲရွာအနီး၌ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၀ ဦးသေဆုံး

Must read

ရေးမြို့​၊ ဝါဘသဲရွာအနီး၌ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၀ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၃

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါဘသဲကျေးရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၂ ရက်အတွင်း အကြမ်းဖက်စစ်သား ၃၀ ဦးသေဆုံးခဲ့ကြောင်း Albino Tiger Copany – 1 ထံမှ သိရသည်။

မေလ ၁၉ ရက်ညနေ ၃ နာရီခွဲခန့်က ရေးမြို့နယ်၊ ဝါဘသဲကျေးရွာအနီးသို့ အင်အား ၂၅၀ ကျော်ဖြင့် စစ် ကြောင်းထိုးဝင်ရောက်လာသော အကြမ်း ဖက်စစ်ကြောင်းကို ကျားဖြူစစ်ကြောင်း ၂ နှင့် ဒေသကာကွယ် ရေး တပ်ဖွဲ့မျာ ပူးပေါင်းပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဆင်နွှဲခဲ့ရာ ၁ နာရီခန့်အပြင်းအထန် ဖြစ်ခဲ့ပြီး အ ကြမ်းဖက်စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“အထိနာတဲ့ စစ်ကောင်စီစစ်ကြောင်းက ထပ်မံအင်အားဖြည့်နေလို့ ထပ်မံခုခံနိုင်ရန် အရေးပေါ် ကျည် များစွားလိုအပ်နေပါတယ်၊ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့အပြင် မေလ ၂၀ ရက် နံနက် ၈ နာရီဝန်းကျင်တွင် တပ်ဆုတ်ပြေးသွားသော အကြမ်းဖက် စစ်ကြောင်း နောက်သို့ ကျားဖြူစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ လိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ စစ်ကူအများအပြားရောက်ရှိလာပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက်စစ် သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု ၂ ရက် အတွင်းအကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ ပြီး ပြည် သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article