38 C
Yangon

အရာတော်မြို့နယ်၊ အောင်မြို့သာ(ခ) တောင်မွှာကျေးရွာကို စစ်တပ်က မီးတင် ရှို့ ဖျက်ဆီးနေ၊ မီးရှို့ရာတွင် ဂတ်စ်ဖြင့် မီးရှို့သည့် လက်နက် အမျိုး အစား အသုံးပြု

Must read

အရာတော်မြို့နယ်၊ အောင်မြို့သာ(ခ) တောင်မွှာကျေးရွာကို စစ်တပ်က မီးတင် ရှို့ ဖျက်ဆီးနေ၊ မီးရှို့ရာတွင် ဂတ်စ်ဖြင့် မီးရှို့သည့် လက်နက် အမျိုး အစား အသုံးပြု

ရန်ကုန်၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အောင်မြို့သာ(ခ) တောင်မွှာကျေးရွာကို စစ် တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၃ ရက်နေ့ နံနက်ပိုင်းအရာတော်မြို့နယ်၊ အောင်မြို့သာ(ခ) တောင်မွှာ ကျေးရွာသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာချိန် ဒေသတော်လှန်ရေး အင်အား စုများ က ခုခံတိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က စစ်ကား ၃ စီး၊ကားလေး ၃ စီးဖြင့် စစ်ကူများ အင်အား ဖြည့်လာကြောင်း၊ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က အင်အားအလုံး အရင်းဖြင့် ကျေးရွာကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ ကျေးရွာကို စစ်တပ်က မီးတင် ရှို့ရာတွင် ဂတ်စ်ဖြင့် မီးရှို့ သည့် လက်နက်အမျိုးအစားကို အသုံးပြု၍ ကျေးရွာရှိ နေအိမ်များကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ မနက်ကတည်းက စစ်တပ်က ရွာဦးဘုန်းကြီးကျောင်း ရောက်လာတယ်။ ဒီနေ့မနက်တော့ ရွာက ဘုန်းကြီးတွေက မီးမရှို့ဖို့မေတ္တာရပ်ခံပေမယ့်လည်း မီးရှို့ နေပါတယ်။ ဂတ်စ်သေနတ်လိုဟာမျိုးနဲ့ မီးရှို့တာ။ ရွာသူ၊ ရွာသား အများစု တွေ ကတော့ တောထဲမှာ ကြိုတင်တိမ်းရှောင်ပေမယ့် မသွားနိုင်၊ မလာနိုင် တဲ့သူ တွေ ရွာထဲမှာပိတ်မိနေပါတယ်။ အခုတော့ မပြေးနိုင်လို့ကျန်ခဲ့တဲ့ ပြည်သူတစ်ဦး ဒဏ်ရာရထားပါတယ်။ ဒဏ်ရာများတယ်” ဟု‌ ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရာတော်မြို့ နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များကို စစ်ကြောင်းများ ခွဲ၍ ထိုး စစ်များ အရှိန်အဟုန်မြှင့်တင်နေပြီး ပြည်သူ သောင်းချီ၍ စစ်ဘေးရှောင်ရန် ထွက်ပြေးနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့် ကျေးရွာ ကို စစ်တပ်က ဖေဖော်ဝါရီ လ ၁၂ ရက်နေ့က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article