ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီး
ရန်ကုန်၊ မေ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီးခဲ့ကြောင်း KNU−ဗဟို က ထုတ်ပြန်ထားသည်။
မေလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၁ ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာသည် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂၀၁ နယ်မြေတွင် ရှိပြီး အကြမ်းဖက် စစ်တပ်၏ နေပြည်တော်လေတပ် ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကျဲချခြင်းဖြစ်ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ ဗုံးထိမှန်ပြီး ပြန်လည်ပြုပြင်လို့ မရသည်အထိ ပျက်စီးသွားကြောင်း KNU−ဗဟို က ထုတ်ပြန်ထားသည်။