39 C
Yangon

ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်သည့် ၅ နှစ်တာကာလအတွင်း မီးမပျက် သည့်အပြင် မီတာခလျှော့ပေးခဲ့မှုနှင့်နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံး မကျဟု လူမှုကွန်ရက်တွင် ပြောသော အဆိုတော် ဗျူဟာ အဖမ်းခံရ

Must read

ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်သည့် ၅ နှစ်တာကာလအတွင်း မီးမပျက် သည့်အပြင် မီတာခလျှော့ပေးခဲ့မှုနှင့်နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံး မကျဟု လူမှုကွန်ရက်တွင် ပြောသော အဆိုတော် ဗျူဟာ အဖမ်းခံရ

■ အရည်အချင်းမရှိသော စစ်ကောင်စီဝင်များ ဒေါ်အောင်ဆန်းစုကြည် ထမီ ခေါင်းပေါ်စွပ်ထားသင့်ဟုပြောဆို

ရန်ကုန်၊ မေ ၂၄

ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်သည့် ၅ နှစ်တာကာလအတွင်း မီးမပျက်သည့် အပြင် မီတာခလျှော့ပေးခဲ့မှုနှင့်နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံးမကျဟု လူမှုကွန်ရက်တွင် ဗီဒီယို လွှင့်တင် ပြောဆိုသော အဆိုတော် ဗျူဟာကို စစ်တပ်က ယနေ့ ဖမ်းဆီးသွားကြောင်း မိတ်ဆွေ အသိုင်းအ၀ိုင်းက ပြောဆို သည်။

ရန်ကုန်မြို့တွင် နေထိုင်သော တေးရေးဆရာ နိုင်မြန်မာ၏ သားဖြစ်သူ အဆို တော် ဗျူဟာက မေလ ၂၃ ရက်နေ့တွင် မီးမမှန်၍ ပြည်သူများ ဒုက္ခရောက် နေရသည့်ကိစ္စကို သူ၏ ဖေ့ဘုတ်စ် လူမှုကွန်ရက်မှ Live လွှင့်ပြောပြီးနောက် ယနေ့ တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“အဘွားကြီးက ၅ နှစ်ပဲ အုပ်ချုပ်သွားတယ်။ အဘွားကြီးလက်ထက်မှာ ငါတို့ မီးကို ၅ နှစ် မှန်တဲ့အပြင် မီတာခတောင် လျှော့ပေးလိုက်သေးတယ်။ မင်းတို့ အဲဒီအဘွားကြီးရဲ့ ထမိန်ပဲ ခေါင်းပေါ် စွပ်ထားလိုက်ဦး၊ အဲဒီအဘွားကြီးရဲ့ ခြေရာပဲ လိုက်နင်းဦး။ မင်းတို့စောက်ရှက်မရှိဘူး။ စောက်အရည်အချင်းမရှိတာ။ အခုတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ကောင်က ဂြိုလ်ကျိုးနားရွက်ပဲ့ပဲ။ ငါလိုစောက်ရူးကို မင်းတို့ဒီတိုင်းပြည်မှာ ရှင်ဘုရင် လုပ်ပါဆိုပြီး အုပ်ချုပ်ခိုင်းရင် တောင် ဒီတိုင်းပြည်ကလူတွေ မီးမှန်နေရမယ်ကွာ ငါကတိပေးတယ်” ဟု အဆိုတော်ဗျူဟာက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုသည်။

အဆိုတော်ဗျူဟာကို စစ်တပ်က လာရောက် ဖမ်းဆီးသွားသည်မှာ မှန်ကန်ပြီး စစ်လော်ဘီ ဟန်ငြိမ်းဦးက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်း မိတ်ဆွေ တစ်ဦးက ပြောသည်။

“သူက လူမှုကွန်ရက်မှာ မီးပျက်တာကို ဝေဖန်တာမှာ သူ့လိပ်စာပါ ထည့်ပေး ထား တာ။ မီးပျက်တာကို သည်းမခံနိုင်တော့လို့ အင်္ကျီ ကျွတ်နဲ့ကို ဝေဖန်တာ။ စကားလုံးတွေကလည်း အတော်ကို ပြင်းတယ်။ လာဖမ်းတဲ့အချိန် သူက အိမ်မှာ ပဲ။ ရှောင်လည်း မရှောင်ဘူး။ ပြေးလည်း မပြေးဘူး။ ဘာပုဒ်မနဲ့ ဆွဲထားလဲမသိရသေးဘူး” ဟု မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ လက်ထက်တွင် ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ၄ နာရီမီးပေး၊ ၄ နာရီမီးဖျက် စနစ်ဖြင့် လျှပ်စစ်မီးပေးနေပြီး အချိန်အများစုမှာ မီးများ ပြတ်တောက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ- လျှပ်စစ်မီး ပြတ်တောက်မှုအကြောင်းကို လူမှုကွန်ရက်မှ တစ်ဆင့် ဝေဖန်သော အဆိုတော် ဗျူဟာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article