37 C
Yangon

ဝက်လက်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လိမ်ပင်ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပြာကျ

Must read

ဝက်လက်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လိမ်ပင်ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပြာကျ

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် စစ်တပ်က လိမ်ပင်ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပြာကျခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၆၄ မှ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ လိမ်ပင်ကျေးရွာ အရှေ့ဘက်ကို ၃ ဖွဲ့ ခွဲ၍ ဝင်ရောက်လာစဥ် ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ မှ ကြိုတင် ထောင်ထားသော တိုက်မိုင်းဖြင့် ၃ ပွိုင့် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အထိနာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် လိမ်ပင်ကျေးရွာကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီး သွားပြီး ဝက်လက်မြို့ပေါ်သို့ ပြန်ဆုတ်သွားကြောင်း သိရှိရသည်။

” စစ်ခွေးတွေ နေအိမ် မီးရှို့သွားတာက ခန့်မှန်းခြေ ၁၀ လုံး​ကျော်လောက်ရှိတယ်။ တောင်ပိုင်းနဲ့ အလယ်ပိုင်းကအိမ်တွေ မီးရှို့ခံရတာ စစ်ခွေးထိခိုက်မှုကတော့ ရှိတယ်။ မိုင်းထိမှန်တဲ့သူတွေကို သယ်သွားတယ်။ စစ်ခွေးသေဆုံးမှု အရေအတွက်တော့ မသိရသေးဘူး။ သေသွားတဲ့ စစ်ခွေးတွေကို နေအိမ်ထဲထည့်ပြီး မီးရှို့သွားတာဖြစ်နိုင်တယ်” ဟု ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ ကျန်ရှိနေသော စစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ လိမ်ပင်ကျေးရွာ တောင်ဝတ်ရုံ ဘုန်းကြီးကျောင်းထဲ တွင် တပ်ဆွဲနေရာယူထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article