35 C
Yangon

ပုလောတွင် စစ်တပ် ဂိတ်စခန်း ၃ ခုကို ပစ်ခတ် တိုက်ခိုက်ပြီး စစ်ယာဥ်တန်းကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး

Must read

ပုလောတွင် စစ်တပ် ဂိတ်စခန်း ၃ ခုကို ပစ်ခတ် တိုက်ခိုက်ပြီး စစ်ယာဥ်တန်းကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ဂိတ်စခန်း ၃ ခုကို ပစ်ခတ် တိုက်ခိုက်ပြီး စစ်ယာဥ်တန်း ကို မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က ထမင်းမစားကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီခန့်တွင် မကျည်းကုန်းရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ပုလောမြို့ပေါ် အမှတ် ၄ ရပ်ကွက် စာသင်ကျောင်းရှေ့ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း တို့ကို ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နံနက် ၆ နာရီခန့်က ပုလောမြို့ တန်းမြင့် အခြေခံ စစ်သင်တန်းကျောင်း၊ တိုင်းဗဟို ၂ မှ ထွက်လာသော အကြမ်း ဖက်စစ်ယာဉ်တန်းကို နန်းပရတ်ကျေးရွာအနီတွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ပုလောမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ပုလောဆေးရုံတွင် အကြမ်းဖက် စစ်သား ၁၀ ဦးထက်မနည်း ဆေးကုသနေရကြောင်း၊ တိုက်ခိုက်မှု ၄ ခုလုံးတွင် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း မကျည်းကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ ခရီးသွားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နှစ်ဖက် ပစ်ခတ်မှုကြားမှာ ဘယ်ဘက်က ပစ်တဲ့ ကျည်ထိသွားလဲတော့ မသိဘူး။ ဘယ်လိုဖြစ်ပြီး ဘာတွေ ထိခိုက်သွားလဲဆိုတာ စုံစမ်းနေဆဲပဲ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်တပ်မှ ပလောက်မြို့မှာ ၃ ခု၊ ပုလောမြို့မှာ ၅ ခုနဲ့ ပလမြို့မှာ ၃ ခုရှိ ပုံမှန်ဂိတ်ဖွင့် စစ်ဆေးလျက်ရှိပြီး စုစုပေါင်း ၁၁ ခုရှိကြောင်း ၊ ထို့အပြင် ပြည်ထောင်စုလမ်းမပေါ်၌ KNU အုပ်ချုပ်နယ်မြေနှင့် နီးစပ်သည့် ကျေးရွာများနှင့် ပုလောမြို့ပေါ်တွင် ရပ်ကွက်များအတွင်လည်း စစ်ဆေးရေးဂိတ် ၅ ခု ထက်မနည်း ရှိကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် နန်းပရုတ်ရွာ တံတားအား တွေ့မြင်ရစဥ်

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article