29 C
Yangon

စဉ့်ကူးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁၄ လုံး မီးလောင် ပြာကျ

Must read

စဉ့်ကူးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁၄ လုံး မီးလောင် ပြာကျ

ရန်ကုန်၊ မေ ၂၅

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ ကျေးသဲအင်းရွာနှင့် ကျွန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း Wetlet Informatonal Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့အိမ် ၄ လုံးခန့် မီးလောင်ခဲ့​ကြောင်း သိရှိရသည်။

“ယက်ကန်းဆင်တောင်ကနေ ဒီဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တာကကျ အကြောင်းမဲ့ သက်သက်ပစ်တာဗျ ဘာမှ မရှိဘူးဗျ။ တိုက်ပွဲဖြစ်တာက သပ်သပ်ဗျ။ သူတို့ သက်သက် ပြည်သူ အိမ်တွေဘက်ကို လှမ်းပစ်တာဗျ” Wetlet Informatonal Network မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျွန်းကြီးရွာတွင်လည်း လက်နက်ကြီး ကျ၍ ပြည်သူပိုင် အိမ် ၁၀ လုံးခန့် မီးလောင်သွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

လက်ရှိအချိန်တွင် စဉ့်ကူမြို့နယ်အတွင်း ရွှေဘယက် ၊ဝက်ပေါင် ၊ပေါက်ကုန်း ၊ သဲအင်း ၊ကြက်တူရွေး ၊ရွာသာ ၊ဇီးကုန်း ၊ မြစ်ကမ်းကြီး ၊ဟင်္သာမ ၊ကျွန်းကြီး ၊ ကျွန်းတော် စသည့် ကျေးရွာများမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် မကြာခဏ အဆိုပါ ရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရုံသာမက စစ်ကြောင်းထိုးခြင်းများလည်း လုပ်ဆောင်နေကြောင်း Wetlet Informatonal Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article