36 C
Yangon

ရေစကြိုတွင် ဖမ်းဆီးခံရသည့် MBT တပ်ဖွဲ့ဝင် ရဲဘော်တိုးနိုင်ကို စစ်တပ်က သတ်ဖြတ်ပြီး ရုပ်အလောင်းကို ချင်းတွင်းမြစ်ထဲ မျော၍ ဖျောက်ဖျက်ခဲ့သော်လည်း ပြန်လည် ဆယ်ယူနိုင်ခဲ့

Must read

ရေစကြိုတွင် ဖမ်းဆီးခံရသည့် MBT တပ်ဖွဲ့ဝင် ရဲဘော်တိုးနိုင်ကို စစ်တပ်က သတ်ဖြတ်ပြီး ရုပ်အလောင်းကို ချင်းတွင်းမြစ်ထဲ မျော၍ ဖျောက်ဖျက်ခဲ့သော်လည်း ပြန်လည် ဆယ်ယူနိုင်ခဲ့

ရန်ကုန်၊ မေ ၂၆

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ဒဏ်ရာဖြင့် ဖမ်းမိသော Myingyan BLack Tiger –MBT တပ်ဖွဲ့မှ ရဲဘော်တိုးနိုင်ကို အကြမ်းဖက် စစ်တပ်က နှိပ်စက် သတ်ဖြတ်ပြီး ရုပ်လောင်းကို ချင်းတွင်းမြစ်ထဲ မျော၍ ဖျောက်ဖျက်ခဲ့သော်လည်း ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း Myingyan BLack Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၄ ရက်နေ့နံနက် ၉ နာရီခန့်က Myingyan BLack Tiger – MBT အမှတ် ၂ စခန်းမှ ရဲဘော် တိုးနိုင်နှင့် အခြားရဲဘော်တစ်ဦးတို့သည် အကြမ်းဖက်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံးပြီး ပစ်ခတ်ခံ ရကာ အခြားရဲဘော်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ရဲဘော်တိုးနိုင်မှာ ဒဏ်ရာဖြင့် ဖမ်း ဆီးခံလိုက်ရကြောင်း၊ ဖမ်းဆီးခံရပြီးနောက် လက်တုန့်ပြန်တိုက်ခိုက်နိင်ရန် Myingyan BLack Tiger – MBT တပ်ဖွဲ့မှ ရေစကြိုမြို့အတွင်းအင်အားအပြည့်ချီတက်တိုက်ခိုက်ခဲ့ရာ ရဲဘော်တိုးနိုင်အား ရေစကြို မြို့ဆေးရုံသို့ တင်ပို့ကုသကာ ကောင်းမွန်စွာဆေးကုသပေးသည်ဟု စစ်တပ် လော်ဘီချန်နယ်များက သတင်း လွှင့်ခဲ့ကြောင်း သိရသည်။

“မျက်နှာကနေ ပစ်ချလိုက်တာ၊ နောက်စိပွင့်ထွက်သွားတယ်၊ မနေ့က နေ့လည် ၂ နာရီလောက်က သတ် ပစ်လိုက်တာ ထင်တယ်၊ ပုပ်ပွတာတွေတော့မရှိသေးဘူး၊ ပြည်သူကနေချင်းတွင်းမြစ်ထဲမှာ အလောင်း တွေ့လို့ လှမ်းသတင်းပို့တာနဲ့ လုံခြုံရေးအပြည့်နဲ့သွားဆယ်ခဲ့တာ၊ အဲဒီကျမှ ကျနော်တို့ရဲဘော်တိုးနိုင်ဖြစ် နေတာဗျ၊ အတော်လေးကို နှိပ်စက်ခံထားရတယ်” ဟု Myingyan BLack Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်မှ ယခုကဲ့သို့ လူမဆန်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုကို သွေးကြွေးဆပ်ရန် အကောင်းဆုံးပြင်ထားကြောင်း၊ တစ်နိုင်ငံလုံးကို ဒုက္ခပေးနေသော အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ် နိုင်ရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article