35 C
Yangon

ကလေးမြို့ တောင်ပိုင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား

Must read

ကလေးမြို့ တောင်ပိုင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း Kalay PDF၏ မြို့ပြပြောက်ကျား စစ်ဆင်ရေးတပ်ဖွဲ့ Operation Mo Mo မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် ကလေးမြို့ တောင်ပိုင်းသို့ ထွက်ခွာလာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး အင်အားစုများက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ကလေးမြို့သို့ ပြန်လည် ဆုတ်ခွာလာစဥ် မွန်းလွဲ ၁၂ နာရီခန့်၌ တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

” ပထမ အကြိမ် မိုင်းဆွဲတာ ၁၇ ဦးသေတာပါ။ အထဲက သတင်းပို့ပါတယ်။ ဒဏ်ရာရတာတော့ များပါတယ်။ ဒုတိယ တစ်ကြိမ်ကတော့ ၅ ဦးလောက်လဲ သွားပါတယ်။ သေ မသေတော့ မသိပါဘူး။ မိုင်းက အဲဒီမှာ အမြဲထောင်ထားတာကို မိုင်းတွင်းထဲ ဝင်လာတာပါ” Kalay PDF၏ မြို့ပြ ပြောက်ကျား စစ်ဆင်ရေး တပ်ဖွဲ့ Operation Mo Mo မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article