36 C
Yangon

ပေါက်မြို့နယ်၊ ပြစ်တဲရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ပေါက်မြို့နယ်၊ ပြစ်တဲရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ မေ ၂၈

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ပြစ်တဲရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း Successful Force – Pauk မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် တပ်ကုန်းပိုရွာကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြစ်တဲကျေးရွာကို ဝင်ရောက် မီးရှို့ ဖျက်ဆီး ခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

“ပျက်စီးဆုံးရှုံးမှု မသိရသေးဘူး။ ပြည်သူတွေကတော့ ဘေးလွတ်ပါတယ်။ သတင်းအသေးစိတ်မသိရသေးဘူးဗျ။ ဆက်လက်စုံစမ်းနေဆဲပဲ” Successful Force – Pauk မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် ပြစ်တဲကျေးရွာမှ ထွက်ခွာကာ ကိုင်းတောရွာသို့ ရောက်ရှိနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article