29 C
Yangon

သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီး

Must read

သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၂၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ဆယ်ဇင်းကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ နေအိမ် ၃ ခန့် ထိခိုက်ပျက် စီးခဲ့ကြောင်း တကောင်းတိုက်နယ်တွင် နေထိုင်သူ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

မေလ ၂၇ ရက်နံနက်ပိုင်းတွင် မန္တလေးမြို့မှ တကောင်းတိုက်နယ်အတွင်းသို့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကား ၁၀ စီးခန့်ဖြင့် တက်လာသော ထောက်ပို့ယာဉ်တန်းနှင့် အတူ လိုက်ပါလသော အကြမ်းဖက်စစ်သားများသည် ဆယ်ဇင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့ခဲ့သဖြင့် ဆယ်ဇင်းကုန်းကျေးရွာနေ အသက် ၂၉ နှစ် အရွယ် ကိုကျော်ဇောလင်း၏ ဦးခေါင်းကို လက်နက် ကြီးထိမှန်သေဆုံးပြီး အသက် ၃ နှစ်အရွယ် မောင် ဝေဖြိုးကျော်၏ ခြေထိမှန်ကာ ကြာညှပ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာမရှိဘူး၊ မန္တလေးကနေ အထက်ဘက်ကို ထောက်ပို့သွားဖို့နေမှာ ယာဉ်တန်းက၊ ရွာထဲကို ဝင်မွှေသွား၊ ထိခိုက်ပျက်စီးမှုအခြေအနေက လောလောဆယ်သိရတာ ၃ လုံးလောက်ရှိတယ်၊ စာရင်း တော့ ကောက်နေတယ်၊ ရွာသားတွေလဲ ပြန်ဝင်လို့တော့ရပြီ၊ ကားတန်းက မြတောင်ဘက်ရောက်သွားပြီ “ ဟု တကောင်းတိုက်နယ်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article