28 C
Yangon

ကြာအင်းဆိပ်ကြီးတွင် စစ်တပ်က ရဲစခန်းနှင့် တရားရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံများ ထိခိုက် ပျက်စီး

Must read

ကြာအင်းဆိပ်ကြီးတွင် စစ်တပ်က ရဲစခန်းနှင့် တရားရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံများ ထိခိုက် ပျက်စီး

ရန်ကုန်၊ မေ ၂၉

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ရဲစခန်းနှင့် တရားရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

ယနေ့ မေလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၁၉ မိနစ်ခန့်က အောင်မျိုးထွန်း ဦးဆောင်သော ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ် ၁ ဗျူဟာကုန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ ရဲစခန်း နှင့် တရားရုံးတို့ကို ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ တရားရုံးအနီး ၁ လုံး၊ ရဲစခန်းအနီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိဘဲ တရားရုံး သွပ်အမိုးများ လန်ထွက်ခြင်း နှင့် ရဲစခန်းအတွင်းရှိ မိသားစုများ နေထိုင်ရာ အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်ခံ တပ်များသည် အပြစ်မဲ့ ပြည်သူလူထုအား ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်နေသည် သာမက နိုင်ငံအရေးအရ အမြတ်ထုတ်နိုင်ရန် အဖျက်အမှောင့် လုပ်ခြင်း ဗျူဟာများကို စနစ်တကျ စီစဉ် လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ မြို့တွင်းများအပေါ် ဦးတည်ပစ်ခတ်တိုက်ခိုက်ကာ တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခြင်းဖြစ် သည်ဟု ကောက်ကျစ်ယုတ်မာစွာ ဝါဒဖြန့်မှုများ အထူးလုပ်ဆောင်လျက်ရှိကြောင်း ဒူးပလာယာခရိုင် က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article