26 C
Yangon

သပိတ်ကျင်း၊ ငါန်းဇွန်နှင့် တံတားဦးတို့တွင် ကြံ့ဖွတ်ပါတီဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

သပိတ်ကျင်း၊ ငါန်းဇွန်နှင့် တံတားဦးတို့တွင် ကြံ့ဖွတ်ပါတီဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၃၀

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ တံတားဦးမြို့နယ်တို့တွင် ကြံ့ဖွတ်ပါတီဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာတွင် မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ကြံ့ဖွတ်ပါတီဝင် ဟိန်းဝင်းဇော်သည် နွားကျောင်းနေစဉ် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း၊ ဟိန်းဝင်းဇော်သည် ကြံ့ဖွတ်ပါတီဝင်ဖြစ်ပြီး ကိုးပင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားမက်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မေလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာအုပ်ချုပ်ရေးမှူးသည် နေအိမ်တွင် ရှိနေစဉ် သေနတ်သမားတချို့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကျည် ၉ ချက် ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အခု ရွာမှာ အုပ်ကြီး မရှိတော့ပေမယ့် စစ်တပ်လာပြီးစောင့်အထိုင်ချနေတယ်။ ရွာထဲမှာ လူငယ်တွေတွေကတော့ ထွက်ပြေးနေရတယ်။ ” ဟု နဘဲပင်ကျေးရွာမှ ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် မေလ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ၊ ပျားကျေးရွာအုပ်စုတွင် ပျူစောထီး နေမျိုးသည် သေနတ်ဖြင့် ၈ ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ပျူစောထီး နေမျိုးက ရွာမှာ အလောင်းကစားဝိုင်းတွေထောင်ပြီးဆက်ကြေးကောက်တယ်။ ပြီးရင် စစ်တပ်ကို ငွေသွင်းတယ်။ သူလည်း ကော်မရှင်မျိုးယူတယ်။ ပျူစောထီးသင်တန်းဆင်းဖြစ်ပြီး စစ်တပ်နဲ့ပေါင်းက ရပ်ရွာအပေါ်ကိုမိုက်ကြေးခွဲနေသူလည်းဖြစ်ပါတယ်”ဟု ပျားကျေးရွာအုပ်စုမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article