35 C
Yangon

မတ္တရာ၊ ပေါင်းတည်နှင့် စေတုတ္တရာ တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

မတ္တရာ၊ ပေါင်းတည်နှင့် စေတုတ္တရာ တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၃၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြန္ဒာစစ်ဆင်ရး(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၃၀ ရက် နံနက် ၉ နာရီခန့်က မတ္တရာမြို့နယ်၊ မြောင်ဦးရွာသို့ ရောက်ရှိအထိုင်ချနေသော အကြမ်းဖက်စစ်သားများသည် လက်ဝဲရွာဘက်သို့ ခြေလျင်ထွက်လာစဉ် လက်ဝဲရွာအရောက် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးနေရာမှာပင် မျက်မြင်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“မြောင်ဦးရွာမှာ အထိင်ချထားတဲ့ အင်အား ၄၀ ၊ အဲရွာကနေ ထွက်လာတဲ့ စစ်ကြောင်းကို လက်ဝဲကြီး ရွာမှာ စောင့်ပစ်တာ၊ အရှည်နဲ့ရော စနိုက်ပါနဲ့ရော ပစ်တာ၊ ၄ ကောင်မျက်မြင်သေတယ်၊ ဒဏ်ရာရတဲ့ ကောင်တွေလဲ ရှိနိုင်တယ်၊ ပစ်ပြီးပြန် ဆုတ်လာခဲ့တာ၊ ပြန်ပစ်တာတော့ရှိတယ်၊ ပစ်ကွင်းရွေးပြီး အသာ စီးကနေ ပစ်ခဲ့ကြတာ၊” ဟု မြန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

မြနန္ဒာစစ်ဆင်ရေးအနေဖြင့် လက်နက်ခဲယမ်းများနှင့် ရိက္ခာများအထူးလိုအပ်လျက်ရှိနေပြီး မိဘပြည် သူများ အနေဖြင့် ဆက်သွယ်လှူဒါန်းပေးကြပါရန် အထူးမေတ္တာခံထားသည်။

အလားတူ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ နွားသိုးတဲတိုက်အနီး ပဲခူးရိုးမပေါ် ကျူးကျော်လာ သော စစ်တပ်စစ်ကြောင်းကို PDF များကတိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦး သေဆုံးကြောင်း ပေါင်းတည် PDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အင်အား ၄၁ ဦးပါ စစ်တပ် ၆၆ တပ်ရင်းကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပြည်ခရိုင်PDFတပ်ရင်း) ၃၆၀၁ PPDF တပ်ရင်းက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းမှ ဗိုလ်တစ်ဦး သေဆုံးသွားကြောင်း သိရှိရ သည်။

“သေဆုံးသွားတဲ့ စစ်ဗိုလ်အလောင်းကို မေလ ၂၉ ရက်နေ့ နံနက် ၂ နာရီအချိန် ၆၆ တပ်မထဲသို့ သယ်ဆောင် သွားပါ တယ်။ ကျနော်တို့ တော်လှန်ရေး အင်အားစုဘက်က အထိအခိုက်မရှိပါဘူး” ဟု ပေါင်းတည် PDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ စေတုတ္တရာမြို့တောင်ဘက် ၁၃ ကီလိုမီတာ အကွာရှိ မဏ္ဍပ်ကျေးရွာ အနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက် ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ ကာ သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း PRA –Magway ထံမှ သိရသည်။

မေလ ၂၃ ရက် နေ့လည် ၁၁ နာရီခန့်က အဆိုပါအကြမ်းဖက်စစ်ကြောင်းကို လူတော်လှန်ရေး မဟာမိတ် အင်အားစု (PRA – Magway) နှင့် Z – Fighter အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက် ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စေတုတ္တရာမြို့နယ်၊ ကျွန်းတောလမ်းထိပ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို Rocket များ ဖြင့် ပစ်ခတ်တို်ကခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုများကို မဟာမိတ်အဖွဲ့များမှ ညှိနှိုင်းဆွေးနွေး၍ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ဒေသလွတ်မြောက်ရေး မဟာဗျူဟာ မြောက်တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article