30 C
Yangon

ရန်ကုန်နှင့် မန္တလေးတွင် ဗုံးများပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ

Must read

ရန်ကုန်နှင့် မန္တလေးတွင် ဗုံးများပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ

ရန်ကုန်၊ မေ ၃၀

ရန်ကုန်နှင့်မန္တလေးတို့တွင် ယနေ့ ဗုံးများပေါက်ကွဲပြီး ပစ်ခတ်သံများကြားရကြောင်း ဒေသပြည်သူများနှင့် ဒေသကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။

မေလ ၃၀ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် သာကေတမြို့နယ်တွင် ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားပြီး ပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း ဒေသပြည်သူများနှင့် ရန်ကုန်ကင်းထောက် Eagle News ထံမှ သိရှိရသည်။

“ဗုံးပေါက်ကွဲတာတော့ ဟုတ်တယ်။ ရဲစခန်းနားလိုလို ရပ်ကွက်ရုံးလိုလိုတော့ ပြောသံကြားတယ်။ ထွက်တော့ မကြည့်ဖြစ်ဘူး” ဟု သာကေတမြို့နယ်၊ ဝက်စုရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ယနေ့ည ၈ နာရီ ၄၅ မိနစ်အချိန် သေနတ်ဖြင့် ပစ်ခတ်သံ ၂ ချက်ကြားရကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့ Eagle News က သတင်းဖော်ပြသည်။

အလားတူ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ဒေါနဘွားရပ်ကွက်၊ ၆၆လမ်း၊ ၁၇×၁၈လမ်းကြားရှိ နန်းရှေ့တိုက်တော် လျှပ်စစ်ဓာတ်အားခွဲရုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ဓာတ်အားခွဲရုံအတွင်း ထရန်စဖော်မာပုံး ထိမှန်သွားကြောင်း သိရှိရသည်။

“ဓာတ်အားခွဲရုံ ထရန်စဖော်မာပုံးကိုတော့ ဗုံးထိတယ်လို့ ပြောတယ်။ မီးက ပျက်နေတော့ ထရန်စဖော်မာ ထိတယ်ဆိုပြီး ပိုပျက်မလားပဲ။ လူထိခိုက်မှုမရှိဘူး” ဟု မန္တလေးအောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်မှ ပြည်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများက ရန်ကုန်တွင် စစ်ဆေးမှုများလုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်သည်။)

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article