ရန်ကုန်၊ ဧပြီ ၂၃
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆူးရ်ဘုန်လေယာဉ်ကွင်းဘက်ခြမ်းနှင့် ဗာရ်းတံတားအထက်ပိုင်းတို့ တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်ဖိုက်တာ ၁၀ စီးခန့်အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်လျက် ရှိကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၂၃ ရက် နံနက်အစောပိုင်းမှစ၍ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာရှိ ဗာရ်းတံတား အ ထက် ဗာရ်းနှင့် စီဇာမာလ်ကျေးရွာကြားတွင်လည်းကောင်း၊ ဆူးရ်ဘုန်လေယာဉ်ကွင်းဘက်အခြမ်း တွင်လည်းကောင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ မိုးမလင်းမှစ၍ ယခုအချိန်အထိ ဂျက်ဖိုက် တာ ၁၀ စီးခန့်အသုံးပြုကာ ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း၊ ဆူးရ်ဘုန်လေယာဉ်ကွင်းဘက်အခြမ်းရှိ စစ်ကြောင်းမှ ထိခိုက်သေဆုံးမှုရှိပြီး ပြန်လည်ဆုတ်သွားကြောင်း သိရသည်။
“ဆုတ်သွားတယ်ဆိုတာကတော့ အဲဒီလိုကြီးတော့ မဟုတ်ပါဘူး။ အခြေအနေက တော်တော်လေးကို တင်းမာနေတဲ့အခြေအနေမှာရှိပါတယ်။ မိုးမလင်းခင်ကတည်းက ဂျက်ဖိုက်တာ ၃ စီးလောက်သုံးနေ ပြီ။ဒီမနက်ပိုင်းဆိုလည်း ၆ စီး၊ အခုချိန်အထိ ၁၀ စီးလောက်ရှိနေပြီ။တော်တော်လေးကို လေကြောင်း အများကြီး အသုံးပြုလာတယ်။ သူတို့ရဲ့ ပုံစံက ဖလမ်းကို မဖြစ်ဖြစ်အောင် တိုးပြီးတော့ လက်နက် ကြီး၊ လက်နက်ငယ်၊ နောက်ပြီးတော့ ဂျက်ဖိုက်တာ တွေအသုံးပြုပြီးမှ တိုးလာတဲ့ပုံစံရှိတယ်။ စစ် ကြောင်းကတော့ ၂ ခုပေါ့၊ ဒီဆူးရ်ဘုန် လေယာဉ်ကွင်းဘက် တစ်ခုရယ်။ ဗာရ်းတံတားဘက်က တစ်ခု ရယ်ပေါ့၊ ဗာရ်းတံတားနဲ့ ဖလမ်းက ၁၂ မိုင်လောက်ပဲ ဝေးတယ်။ အခုက ဗာရ်းအထက်ပိုင်းဆိုတော့ ၁၀ မိုင်အောက်လောက်ပဲ ဝေးတဲ့အခြေအနေမှာရှိတယ်။ လက်နက်ကြီးနဲ့ လှမ်းထုပြီးမှ လုပ်လို့ရတဲ့ အခြေ အနေမှာရှိတယ်။ ဒီနေ့မနက်ပိုင်းမှာ လေယာဉ်ကွင်းဘက်မှာရှိတဲ့ စစ်ကြောင်းက အနည်းငယ် ထိခိုက် မှုရှိပြီးတော့ စကစ တွေ ဆုတ်သွားတာရှိတယ်။ ဒါပေမယ့် တိုက်ပွဲက နှစ်ဖက် ပြင်းထန်ဆဲ အခြေအနေမှာပဲရှိပါတယ်။” ဟု CNDF ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ဗာရ်းတံတားအထက်ပိုင်းသို့ ချီတက်လာသော စစ် တပ် စစ်ကြောင်း ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ် သား ၂ ဦး သေဆုံး ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အထိနာသော စစ်တပ်စစ်ကြောင်းကို အင်အားဖြည့်တင်းနိုင်ရေးအတွက် ယမန်နေ့ ဧပြီလ ၂၂ ရက် ည ၉ နာရီကျော်က ကလေးမြို့အခြေစိုက် ဒေသကွက်ကဲမှု စစ်ဌာနချုပ် -ဒကစ မှ ၆ ဘီးကားများ အပါအဝင် စစ်ကား ၁၀ စီးဖြင့် ချီတက်လာကာ စစ်သား အင်အား ၇၀ ခန့်နှင့်အတူ လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်ပြီး ဖလမ်းမြို့ကို ပြန်သိမ်းပိုက်နိုင်ရေး အတွက် စစ်တပ်က စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ဦးတည်၍ ကလေး–နတ်ချောင်း –ဂန့်ဂေါ ၊ ကလေး–နတ်ချောင်း–ဝေဘူလ၊ ကလေး–ခိုင်ကမ်း–သိုင်းငင်း နှင့် တီးတိန်– သိုင်းငင်း လမ်းကြောင်းများမှ စစ်ကြောင်း ၄ ကြောင်းခွဲကာ အင်အား ၁,၀၀၀ နီးပါးဖြင့် စစ်ကြောင်း ထိုးနေခြင်းဖြစ်ပြီး ဖလမ်းမြို့စစ်ကောင်စီလက်အောက် ပြန်လည်မရောက်ရှိစေရေး အတွက် ချင်းညီ နောင် (CB) နှင့် ချင်းလဲန်းကောင်စီ (CC) တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ထားသော ဖလမ်းမြို့ ၊ ဆူးရ်ဘုန်လေယာဉ်ကွင်း။




