36 C
Yangon

ဖြူးတွင် ပျူစောထီး ရန်ဝင်းလှိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ဖြူးတွင် ပျူစောထီး ရန်ဝင်းလှိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၈

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သပြေလဟာကျေးရွာအုပ်စု၊ ရွာမကြီးကျေးရွာနေ အကြမ်းဖက် စစ်တပ်ထောက်တိုင် ပျူစောထီး ရန်ဝင်းလှိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၇ ရက် ည ၁၀ နာရီခန့်က ပျူစောထီးသင်တန်းတက်ထားပြီး တော်လှန်ရေး ရဲဘော် များ၏ အသွားအလာများကို စောင့်ကြည့်၍ ကညွတ်ကွင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၉ တပ်ရင်းသို့ သတင်းပေးပို့နေသူ ရန်လှိုင်ဝင်းအား ဖြူးမြိုနယ်ပကဖ (ဗိုလ်ကျားကြီးအဖွဲ )က ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ရန်ဝင်းလှိင်၏ ယောက္ခမဖြစ်သူသည် ပျူစောထီးသင်တန်းတက်ထားကာ အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးပို့နေသူဖြစ်ပြီး ခမရ-၄၃၉ တပ်ရင်းထဲ၌ ပုန်းခိုနေထိုင် လျက်ရှိ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article