30 C
Yangon

မော်လိုက်တွင် စစ်တပ်က ကပ္ပိယ ဦးဘချစ်ကို ပစ်သတ်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦးကို ကြိုးနှင့်ချည်က တရွတ်တိုက်ဆွဲပြီး လည်ပင်းကို ဓားဖြင့်ထိုး၍ နှိပ်စက်

Must read

မော်လိုက်တွင် စစ်တပ်က ကပ္ပိယ ဦးဘချစ်ကို ပစ်သတ်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦးကို ကြိုးနှင့်ချည်က တရွတ်တိုက်ဆွဲပြီး လည်ပင်းကို ဓားဖြင့်ထိုး၍ နှိပ်စက်

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်တိုင်း၊ မော်လိုက်မြို့နယ်၊ မှန်ပြင်အုပ်စု၊ တောင်တွင်းကျေးရွာအနီးရှိ ကျောက်ချောတောင်ဘုန်း ကြီးကျောင်းတွင် ကျောင်းစောင့်အဖြစ်လုပ်ကိုင်နေသော အသက် ၆၀ အရွယ်ခန့်ရှိ ဦးဘချစ်ကို အကြမ်း ဖက်စစ်တပ်က ဖမ်းဆီးကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၃၁ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်းကာ တောင်တွင်းကျေး ရွာ အ တွင်းရှိ ရွာမ ဘုန်းကြီးကျောင်းနှင့်ကျောက်ချောတောင်ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်ပြီး PDF တပ်ဖွဲ့ ခေါင်း ဆောင် ၂ ဦးကို ရှာဖွေခဲ့ကြောင်း၊ ထို့သို့ရှာဖွေစဉ် ဘုန်းကြီးကျောင်း၌ ကပ္ပိယလုပ်နေ သူ အသက် ၆၀ အရွယ် ဦးဘချစ်၊ ဘုန်းကြီးကျောင်းအတွင်း ပန်းရံ၊ လက်သမားလုပ်နေသူ အသက် ၅၀ ကျော် အရွယ် ကိုမောင်အေးနှင့် ၎င်း၏ တပည့်ဖြစ်သူ အသက် ၁၅ နှစ်အရွယ်ဖိုးချစ်အပါအဝင် ၄ ဦးကို ဖမ်းဆီးသွားပြီး သစ်ခေါင်းကြီးဟု‌ခေါ်တွင်သော လယ် ကျင်းထဲတွင် ကပ္ပိယဖြစ်သူ ဦးဘချစ်ကို ဦး ခေါင်းတစ်ချက်၊ ရင်ဘတ်တစ်ချက်၊ ခါးတစ်ချက် ပစ်ခတ်ခဲ့ ရာ ဦးခေါင်းပွင့်ထွက်သေဆုံးခဲ့ကြောင်း သိရသည်။

“ရုပ်အလောင်းဓာတ်ပုံက ဒီနေ့မှရတာ၊ ဖမ်းခေါ်သွားတာက ၄ ယောက်ဗျ၊ ဦးဘချစ်က အသတ်ခံလိုက် တာပေါ့၊ ဦးမောင်အေးရယ်၊ သူ့တပည့်ဖိုးရယ်၊ နောက်တပည့်တစ်ယောက်ရယ် ပါသေးတယ်၊ ဖိုးချစ်ဆို တဲ့ အသက် ၁၅ နှစ်ဝန်းကျင်အရွယ်ရှိတဲ့ ကလေးကို PDF ကလေးပါဆိုပြီး စစ်ခွေးတွေက အတော်ညှင်း ပန်းနှိပ်စက်လွှတ်လိုက်တယ်၊ ဓားနဲ့လည်ပင်းကို ဓားဦးဝင်သွားတဲ့အထိ စစ်ဆေးမေးတာ၊ လည်ပင်းကို ဓားနဲ့ ၃ ရစ် ရစ်ထားတယ်၊ မျက်နှာတွေလဲ ဖူးရောင်နေတာပဲ၊ ကျောက်ချောတောင်ကနေ လက်ပြန်ကြိုး တုတ်ပြီး တရွက်တိုက်ဆွဲခံရတာမှ မျက်နှာတွေပွန်းပဲ့လို့ပဲ၊ ကလေးကလဲ အတော်ကို လိပ်ပြာလန့်သွား တာ၊ ပြန်တော့လွှတ်ပေးလိုက်တယ်” ဟု မော်လိုက်ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့သော ဦးဘချစ်၏ ရုပ်အလောင်းကို ဒေသနေပြည်သူများက‌တွေ့ရှိပြီး မေလ ၃၁ ရက် ညနေပိုင်း တွင် ကောက်ယူသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် တောင်းအင်ကျေးရွာဘုန်းကြီးကျောင်း၌ အထို်ငချထားထားပြီး ထော်သာ(ပျူ)စခန်းကို တပ်အင်အားဖြည့်ထားကြောင်း၊ ထော်သာ(ပျူ)စခန်းနှင့် တောင်းအင်ဘုန်းကြီး ကျောင်းရှိအကြမ်းဖက်စစ်သားများပူးပေါင်းကာ စစ်ကြောင်းထိုးရန်ရှိနေပြီး စစ်ရေးတင်းမာနေကြောင်း သိရသည်။

မော်လိုက်မြို့နယ်၊ တောင်တွင်းဒေသ မေလ ၁၂ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး အကြမ်း ဖက်စစ်ဗိုလ်တစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား၊ ပျူစော ထီး ၁၂၀ ခန့်သေဆုံးခဲ့ကြောင်း၊ ထိုသို့ အထိနာခဲ့သည့်အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်၊ တင့်ကားအပါအဝင် အင်အားအလွန်အကျွံ အသုံး ပြုတိုက်ခိုက်နေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ၃ ကျဆုံးထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article