34 C
Yangon

ရေတာရှည်တွင် အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိ

Must read

ရေတာရှည်တွင် အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိ

ရန်ကုန်၊ ဇွန် ၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အင်အား ၇၀ ခန့်ပါစစ်ကြောင်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း ပဲခူး PDF ထံမှ သိရှိရသည်။

ဇွန်လ ၃ ရက်နေ့ ညနေ ၃ နာရီအချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြိုနယ်၊ ဒေါင့်အင်းကုန်းကျေးရွာအုပ်စု၊ ကြာအင်းကုန်းကျေးရွာမှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၇၀ ဦးခန့်ပါ စစ်ကြောင်းကို ဆယ်တောကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိစဉ် သံတောင်မြောက်ပိုင်း(အထူးဒေသ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ ၊ တပ်ခွဲ ၆ တို့ က စတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲဖြစ်ပွားချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး ဝဲဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ မြစ်ကူးတံတားရှိ စစ် တပ် ဂိတ်နှင့် ခလရ – ၈၄(ဆွာ)မှ သုံးမိုင်ခွဲအကွာရှိ ဆယ်တော်၊ ဒေါင့်အင်းကုန်း၊ ဂွေးသဲကျေးရွာများသို့ လက် နက်ကြီးပစ်ကူပေးခဲ့ကြောင်း ၊ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ အသေးစိတ်အား ဆက်လက်အတည်ပြုလျက်ရှိကြောင်း သိရှိရသည်။

PDFတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာသွား‌သော အကြမ်းဖက်စစ်ကောင်စီက ည ၁၀ နာရီခန့်အချိန် ခလရ-၈၄ (ဆွာ)မှ ‌၁၂၀ မမ လက်နက်ကြီးဖြင့် ၃ ချက်ရမ်းသမ်းပစ်ခတ်ရာ ဒေါင့်အင်းကုန်းကျေးရွာအုပ်စု၊ ဂွေးသဲကျေးရွာအတွင်းရှိ နေအိမ် ၃ လုံးကို ထိမှန်ပျက်စီးခဲ့ကြောင်း၊ နေအိမ်တစ်လုံးမှာ တိုက်ရိုက်ထိမှန်ခဲ့သောကြောင့် နေအိမ်အတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူ သားအမိ၃ ဦးစလုံး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article