29 C
Yangon

ကချင်ပြည်နယ် KIO ဌာနချုပ်မှ လိုင်ဇာဝင်ပေါက်များ ပြန်လည် ဖွင့်လှစ်လိုက်ပြီး တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ရေး ကြိုးစားရဦးမည်ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောဆို

Must read

ကချင်ပြည်နယ် KIO ဌာနချုပ်မှ လိုင်ဇာဝင်ပေါက်များ ပြန်လည် ဖွင့်လှစ်လိုက်ပြီး တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ရေး ကြိုးစားရဦးမည်ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောဆို

ရန်ကုန်၊ ဧပြီ ၂၆

ကချင်ပြည်နယ်၊ KIO ဌာနချုပ်တွင် လိုင်ဇာ ဝင်ပေါက်များကို ယနေ့ နံနက်ပိုင်း ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုလိုက်သည်။

၁၀နှစ်ကျော်ကြာမှ လိုင်ဇာဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြခြင်းဖြစ်ပြီး ဒေသနေသူများ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှု ရသကို ပြန်လည်ရရှိခဲ့ကြောင်း၊ အောင်ပွဲခံခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ရန် ဆက်လက် ကြိုးစားကြရဦးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လဆန်းပိုင်းမှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်များ၏ စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်း ၇၀ ကျော် သိမ်းဆည်းရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article