36 C
Yangon

ရန်ကုန်တိုင်းတွင် မြို့ပြပျောက်ကျားတိုက်ခိုက်မှုမှ အဆင့်တက်၍ ပထမဆုံး PDF တပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ ကို တည်ထောင်ဖွဲ့စည်းကြောင်း ကြေညာ

Must read

ရန်ကုန်တိုင်းတွင် မြို့ပြပျောက်ကျားတိုက်ခိုက်မှုမှ အဆင့်တက်၍ ပထမဆုံး PDF တပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ ကို တည်ထောင်ဖွဲ့စည်းကြောင်း ကြေညာ

ရန်ကုန်၊ ဇွန် ၁

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ ကို တည်ထောင်ဖွဲ့စည်းကြောင်း တရားဝင် ကြေညာသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲအနေဖြင့် နယ်မြေအခြေအနေအရသာမက လုံခြုံရေးအရ ယခင်က မြို့ပြပြောက်ကျား လှုပ် ရှားမှုများဖြင့်သာ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက်ခဲ့ရာမှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းစစ်ဒေသခွဲအတွင်း တပ်ရင်း၊ တပ်ဖွဲ့များဖွဲ့စည်းရန် ညွှန်ကြားချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း၊ တပ်ဖွဲ့များကို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စနစ်တကျစုဖွဲ့သည့်အနေဖြင့် တည်ထောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း ၅၁၀၁ ကို ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လေ့ကျင့်ရည်ပြည့်ဝ၍ တိုက်ရည်ခိုက်ရည် ကောင်းမွန်ပြီး အမိန့်နာခံမှုအားကောင်းသော စစ်သည်တော်ကောင်းများဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ တရားဝင် ဖွဲ့စည်းကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန် သည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ရဲဘော်များ၏ စစ်ရေးပြ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article