28 C
Yangon

ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့နေပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့နေပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့နေပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ လမ်းပိုင်းဘေးရှိ ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့၌ အထိုင်ချထားသော စစ်သားများ၊ ရွာသစ်ကုန်းရွာမှ ပျူစောထီးများနှင့် ရေဦးတိုင်းရင်း ဆေးရုံမှ စစ်သားများ ပါဝင်သော အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်း မီးရှို့လျက်ရှိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဒေသခံများကို လိုက်လံ ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် ရွာသစ်ကျေးရွာ အပါအဝင် ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာနှင့် မူးသာကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အခု ရွာသစ်ရွာကနေပြီး မူးသာရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်နေတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article