28 C
Yangon

စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှု လျှော့ချပြီးနောက် စက်သုံးဆီ သုံးစွဲမှုများကို အလွန်စိစစ်ပြီး အရေးယူလာ၊ ဆီဆိုင်များအားလုံးတွင် ဆီအဝင် အထွက် သိရှိနိုင်သော POS ဆော့ဝဲလ်များ တပ်ဆင်ခိုင်း

Must read

စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှု လျှော့ချပြီးနောက် စက်သုံးဆီ သုံးစွဲမှုများကို အလွန်စိစစ်ပြီး အရေးယူလာ၊ ဆီဆိုင်များအားလုံးတွင် ဆီအဝင် အထွက် သိရှိနိုင်သော POS ဆော့ဝဲလ်များ တပ်ဆင်ခိုင်း

ရန်ကုန်၊ ဇွန် ၁

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းမှုများ လျှော့ချပြီးနောက် စက်သုံးဆီ သုံးစွဲမှုများကို အလွန်စိစစ်အရေးယူလာပြီး ဆီဆိုင်များ၊ ကုမ္ပဏီများ၊ လုပ်ငန်းများကို အထူးစိစစ်လာကြောင်း စက်သုံးဆီဆိုင် သတင်းရပ်ကွက်ကပြောသည်။

စစ်ကောင်စီက စက်သုံးဆီတင်သွင်းမှုများကို ခွဲတမ်းဖြင့် ပြန်လည်ချထားပေးရာတွင် M4 Mega ကုမ္ပဏီက သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွက် စက်သုံးဆီဝယ်ယူခွင့်ပြုမှုဖြင့် ၆ ကြိမ် ပိုဝယ်ခြင်း၊ လိပ်သို-ရှမ်းလယ်ပြင်လမ်းလုပ်ငန်းအတွက် စက်သုံးဆီ ၂ ကြိမ် ပိုဝယ်ခြင်း၊ အမှတ် ၂၂ ရဲတပ်ဖွဲ့ခွဲ အဝင်လမ်းလုပ်ငန်း အတွက် စက်သုံးဆီ ၂ ကြိမ်ပိုဝယ်ခြင်းများ လုပ်ဆောင်ကြောင်း၊ ရွှေမြန်အောင်ကုမ္ပဏီကလည်း သူဌေးရေအား လျပ်စစ်စီမံကိန်းအတွက် စက်သုံးဆီ ၂ ကြိမ်ပိုမို ဝယ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ငါးဖမ်းရေယာဉ် ၂၆၀ စီးက ပင်လယ်ပြင်သို့ ငါးဖမ်းခြင်းမရှိဘဲ စက်သုံးဆီများ ဝယ်ယူခြင်း၊ ပြည်တွင်းနှင့် ကမ်းရိုးတန်းသွား သင်္ဘော ၁၈ စီးအတွက် အမှန်တကယ်မောင်းနှင်ခြင်းမရှိဘဲ စက်သုံးဆီများ လိမ်ညာ တောင်းခံခြင်း၊ စက်ရုံများက စက်သုံးဆီများ လိမ်ညာတောင်းခံခြင်း၊ ပုဂဂလိက မီးစက် ၊တာဝါတိုင်၊ ဟိုတယ်၊ ပလာဇာ၊ ဆေးရုံနှင့်စျေးများက စက်သုံးဆီများ လိမ်ညာ ဝယ်ယူခြင်းများ စိစစ်တွေ့ရှိရသည်ဟု သိရှိရသည်။

စက်သုံးဆီများသည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ရှိ ရွှေနှင့်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများသို့ အဓိကသွားနေကြောင်း၊ စက်သုံးဆီအရောင်းဆိုင် ၁၄ ဆိုင်နှင့် စီးပွားရေးလုပ်ငန်း ၆ ခုသည် အခွန်မဆောင်ဘဲ လုပ်ငန်း လုပ်ဆောင်ကြောင်း စစ်ကောင်စီက ဖော်ထုတ် အရေးယူမည်ဟု ပြောဆိုထားသည်။

ထို့ပြင် ဆီဆိုင်များအားလုံးတွင် 2023 အတွင်း စက်သုံးဆီ အဝင်အထွက်များကို ထောက်လှမ်းသိရှိနိုင်သော POS ဆော့ဝဲလ်များ တပ်ဆင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားလာပြီး အဆိုပါ POS ဆော့ဝဲလ်တပ်ဆင်ရန် သိန်းရာချီကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။

“သိန်းရာချီကုန်မယ့် POS ဆော့ဝဲလ် မတပ်ဆင်ပါက ဆီဆိုင်လိုင်စင်သက်တမ်းမတိုးပေးဘူးလို့ စစ်ကောင်စီလုပ်လာတယ်။ POS ဆော့ဝဲလ် ကလည်း စစ်အုပ်စု ဝင်ငွေလမ်းကြောင်းပဲ။ ဆိုင်တွေ အဲဒါ တပ်ရင် ရာနဲ့ချီ ကုန်မှာ။ အင်တာနက် မရတဲ့ နယ်တွေ ဒုက္ခ။ ခုတောင် SME တွေ သေတော့မယ်။ ဘဝတွေက ပျက်ပြီးရင်ပျက်။ မအလ အုပ်စု ခွေးရူးအုပ်စုကြောင့်” ဟု ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article