29 C
Yangon

မင်္ဂလာဒုံရဲစခန်း၊ ရွှေပြည်သာ၊ အရှေ့ဒဂုံနှင့် မှော်ဘီတို့တွင် ဗုံးများပေါက်ကွဲ

Must read

မင်္ဂလာဒုံရဲစခန်း၊ ရွှေပြည်သာ၊ အရှေ့ဒဂုံနှင့် မှော်ဘီတို့တွင် ဗုံးများပေါက်ကွဲ

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မှော်ဘီမြို့နယ်တို့တွင် ဗုံးများ ပေါက်ကွဲကြောင်း ဒေသပြည်သူများနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များထံမှ သိရှိရသည်။

ဇွန်လ ၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းပေါ်ရှိ မင်္ဂလာဒုံရဲစခန်းကို အ‌ေးထိန်း မိုင်း ၃ လုံးဖြင့် Special Nway Oo SNO က တိုက်ခိက်ခဲ့ကြောင်း YUA မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“ဗုံးကွဲသံက အရမ်းကို ကျယ်တာ။ ညဘက်ကြီးဆိုတော့ အိမ်တောင် သိသိသာသာ တုန်ခါသွားတယ်” ဟု ခရေပင်လမ်းခွဲအနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ယနေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် ပေါက်ကွဲသံများနှင့် ပစ်ခတ်သံတချို့ ကြားရကြောင်း ဒေသပြည်သူများက ပြောသည်။

ထို့ပြင် မေလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြိုချောင်းတိုးဂိတ်အနီးပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ဖြစ်ပွားသော နေရာသည်မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်းကျေးရွာ၊ပြည်လမ်း၊ မိုင်တိုင်အမှတ်(၃၄/၂)မြိုချောင်းတိုးဂိတ်အနီးတွင် ဖြစ်ပြီး စစ်တပ်ဂိတ်ကို ဦးတည် မိုင်းထောင်ထားခြင်းဖြစ်ကြောင်း ၊ ပေါက်ကွဲမှုကြောင့် ထိခိုက်သူမရှိသော်လည်း လမ်းပိတ်ထားမှုကြောင့် ပြည်သူများ အသွားအလာ နာရီဝက်ခန့်ရပ်ဆိုင်းသွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ် အောက်တိုဘာလ ရန်ကုန်တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- AFP။

Members of security personnel patrol inside the People’s Square and Park during the celebrations to mark Thadingyut festival in Yangon on October 9, 2022. (Photo by AFP)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article