34 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး အလောင်းကို မီးင်္ဂြိုလ်သွား

Must read

ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး အလောင်းကို မီးင်္ဂြိုလ်သွား

ရန်ကုန်၊ ဇွန် ၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Servant Revolution Wetlet တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စမွန်းကျေးရွာ အနောက်မြောက်ဘက်အရောက်တွင်ဘပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖမှ ထောင်ထားသော တိုက်မိုင်း ၂ ပွိုင့်မိခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“တိုက်မိုင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားတာဗျ၊ သွေးထွက်လွန်ပြီးသေသွားတာ၊ မသေခင် ခင်မင် ဘုန်းကြီးနဲ့ သရဏရုံတင်ပေးဖို့ ပြောသွားသေးတယ်လို့ သိရတယ်ဗျ၊အဲဒီခွေးတွေက ခင်မင်ရွာကနေ အရှေ့ဘက်ကို စစ်ကြောင်းဆက်ထိုးပြီ ဒီညတော့ ဆင်နင်းရွာထဲရောက်နေပြီဗျ” ဟု People’s Servant Revolution Wetlet တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါ သေဆုံးသွားသော စစ်သား အလောင်းကို ခင်မင်ကျေးရွာ အရောက်၌ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရွာထဲရှိ ဘုန်းကြီးများကို ပင့်ဖိတ်ကာ သရဏဂုံတင်ပြီး မီးသင်္ဂြိုလ်သွားကြောင်း သိရှိရသည်။

အလားတူ နံနက် ၇ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ မင်းကုန်းကျေးရွာတောင်ဘက် ဆင်နင်းကျေးရွာဘက်သို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်ကို ဆင်နင်း ကျေးရွာအနောက်ဘက် ကြက်ခြံအရောက်တွင် ပြည်သူ့ အစေခံ တော်လှန်ရေးတပ်ဖွဲ့ DRONE တပ်စိတ်က DRONE ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲ ဖြစ်ကြောင်း သိရသည်။

Photo – ခင်မင်ကျေးရွာတွင် မီးသင်္ဂြိုလ်သွားသော စစ်သားအလောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article