38 C
Yangon

ဝက်လက်မြို့တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးခန့်သေဆုံး၊ ကျိုက်ထိုတွင် အသုဘအိမ်၌ ဖဲလာရိုက်သည့် စစ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲတိုက်ခိုက်

Must read

ဝက်လက်မြို့တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးခန့်သေဆုံး၊ ကျိုက်ထိုတွင် အသုဘအိမ်၌ ဖဲလာရိုက်သည့် စစ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၃၀ ရက်နေ့တွင် ကျောက်မြောင်းမြို့နယ်မှ ထွက်လာသော အင်အား ၆၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ဝက်လက်မြို့နယ် ထနောင်းသာ ကျေးရွာသို့ရောက်ရှိလာကြောင်း၊ ထနောင်းသာ ကျေးရွာ ဘုန်းကြီးကျောင်းမှ မွန်းလွဲ ၂ နာရီခန့်တွင် စစ်တပ် စစ်ကြောင်း ထွက်ခွာလာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ အစေခံ တော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ တပ်ခွဲ ၄ နတ်တောင်တပ်ခွဲ၊ Black Wolf PDF အဖွဲ့၊ ရွှေဘို ခရိုင်တပ်ရင်း ၂၃ ၊ ရွှေဘိုကျားကြီး တိုက်နယ် ပကဖနှင့် ရွှေဘို ဓူဝံ LDF တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် Drone များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ မြသိန်းတန်ဘုရားအရှေ့ဘက် အသုဘအိမ်တွင် ဇွန်လ ၁ ရက်နေ့ ညပိုင်း၌ ဖဲလာရိုက်သည့် အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၁၀ မှ တစ်ပွင့်ဗိုလ် တင်မောင်အေးနှင့် တပ်ကြပ်ကြီးအပါအဝင် ၃ ဦးကို စီးလာသည့် ကားကို ၎င်းတို့ ဖဲရိုက်နေစဉ် မိုင်းဆင်ထားပြီး ၎င်းတို့ ပြန်ချိန်တွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Soul Takers – Yangon Underground Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

“ သေ မသေ မသိရသေးဘူး။ ကျွန်တော်တို့ အမြန်ပြန်ဆုတ်လာတာဆိုတော့လေ။ သတင်းရထားလို့ သူတို့အထဲဝင်နေတုန်း ကားမှာ ဆင်ပြီး စောင့် ခွဲချလိုက်တာမျိုး ခင်ဗျာ။ သူတို့တက်လာချိန် စောင့်ပြီးတော့ ခင်ဗျာ” ဟု Soul Takers – Yangon Underground Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

စစ်ကောင်စီဘက်မှ မီးလောင်ပျက်စီးသွားသည့် ကားကို ညတွင်းချင်းဆွဲထုတ်သွားပြီး ပတ်ဝန်းကျင်ရှိ ပြည်သူများကို ကားဝါယာရှော့ဟု ပြောဆိုရန် ခြိမ်းခြောက်ထားကြောင်း၊ အခြေအနေအရ မိုင်းဖောက်ခွဲချိန်တွင် ကားပေါ်လာလာသည့် လက်နက်များ ပျက်စီးသွားခဲ့ပြီး ထိခိုက်မှုကို အတည်မပြုနိုင်သေးကြောင်း Soul Takers – Yangon Underground Force မှ သိရှိရသည်။

“ ကားဝါယာရှော့ဖြစ်တယ်ဆိုပြီး သူတို့ကားကို ချက်ချင်း လာဆွဲသိမ်းသွားတာ။ အဲဒီ အနီးအနားက ပြည်သူတွေကို ဘာမှမပြောနဲ့ ကားဝါယာရှော့ပဲဆိုပြီး ပြောသွားကြတာပါခင်ဗျာ” ဟု Soul Takers – Yangon Underground Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article