29 C
Yangon

သရက်ချောင်းမြို့နယ်၊ ပိဒေါက်ငယ်ရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မီးရှို့ရှင်းလင်း

Must read

သရက်ချောင်းမြို့နယ်၊ ပိဒေါက်ငယ်ရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဇွန် ၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပိဒေါက်ငယ်ရွာရှိ အကြမ်းဖက် စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ် သိန်းဌက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ပိဒေါက်ငယ်ရွာရှိ အကြမ်းဖက် စစ်အုပ်စုပိုင် Mytel တာဝါတိုင်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

” စစ်ခွေး အုပ်စုပိုင် Mytel တာဝါတိုင်ကို ၂ ရက်နေ့ ည ၈ နာရီလောက်မှာ မီးရှို့ရှင်းလင်းခဲ့တယ်။ သိန်းငှက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့က ဆောင်ရွက်ခဲ့တာပါ။ စက်ပစ္စည်းအားလုံး ပြာပုံဖြစ်မှ အောင်မြင်စွာ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

သိန်းငှက် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ စစ်ရေး အရှိန်မြှင့်မည် ဖြစ်သောကြောင့် ပြည်သူများမှ မလိုအပ်ဘဲ ခရီးသွားခြင်းများ စစ်တပ်နှင့် ပူးတွဲနေထိုင်မှုများ ရှောင်ရှားကြပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article