36 C
Yangon

ကြာအင်းဆိပ်ကြီး၊ အလယ်တံခွန်တိုင် ရဲစခန်းနှင့် မီးသတ်ရုံးရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ကြာအင်းဆိပ်ကြီး၊ အလယ်တံခွန်တိုင် ရဲစခန်းနှင့် မီးသတ်ရုံးရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်သားများ တပ်စွဲထားသော မီးသတ်ရုံးတို့ကို Fixed Wings Drone ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Alpha Bats တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

မေလ ၂၈ ရက် နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်တံခွန်တိုင်ရဲစခန်းကို ရှားထူးဝေါ် နည်းပညာ လက်အောက်ခံ Alpha Bats (Fixed Wing) Drone တပ်ဖွဲ့ (နဂါးနီစစ်ကြောင်း)မှ Fixed Wing Drone ၂ စီး ဖြင့် ဗုံးသီး ၄ လုံးကို ၄၅ မိနစ်အတွင်း ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း လက်နက်ကြီ’နေရာများ၊ အဆောက်အဦးများ ထိခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး မှောင်စပျိုးအချိန် ၄ လုံးမြောက်ဗုံးသီး ကျဲချတိုက်ခိုက်မှုတွင် Fixed Wing Drone တစ် စီး ထိခိုက် ပျက်ဆီူဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ရှားထူးဝေါ်နည်းပညာ လက်အောက်ခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ Fixed Wings Drone တွေ က သူတို့ Jumper ကျော်ပါတယ်၊ အခုပျက်ကျရတဲ့အကြောင်းအရင်းက Battery error ကြောင့်ပါ၊ သူတို့ ဘက်က ဒရုန်းတွေကို လိုက်ပစ်တာတော့ရှိပါတယ်” ဟု Alpha Bats တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အလားတူ မေလ ၃၁ ရက်နေ့တွင် အလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်သားများ ခိုးအောင်းရာ မီးသတ်ရုံးကို Fixed Wing ၂ စီး၊ ဗုံးသီး ၇ လုံးကို အချိန် ၁ နာရီအတွင်း ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်ဆုံးဗုံးသီးကျချချိန်တွင် Fixed Wing Drone တစ်စီး ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article