33 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ရဲစခန်း၊ ခလရ ၂၈၄ နှင့် အကြမ်းဖက်စစ်သားများတပ်စွဲထားသော ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံး၊ တရားသူကြီးရုံးများကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၅ နာရီတွင် တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သားနှင့် ရဲ ၁၀ ဦးသေကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ကြီး ၁၂၀ မမ၊ ရဟတ်ယာဥ်များဖြင့် မြို့ပေါ်နေရာအနှံ့လိုက်လံရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ရဲစခန်းနှင့် ရုံးများကြေမွ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှာ ရဟတ်ယာဉ်နင့် လက်နက်ကြီးသုံးကာ တော်လှန်ရေးအင်အားစုများ မရှိသည့် ဘာသာရေးအဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရဟန်းတော်တစ်ပါး လက်နက်ကြီးထိမှန် ကွယ်လွန်ခဲ့ရကြောင်း၊ ဒေသပြည်သူ ၂ ဦးလည်း လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ရပြီး ဘာသာရေးအဆောက်အအုံများ လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးစစ်ဆင်ရေးအဖွဲ့(Special Operation Force)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် Cloud Wings Drone တပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း S.O.F ရဲဘော်နှစ်ဦးခြေထောက်ဒဏ်ရာနှင့် တစ်ဦးရင်ဘတ်မိုင်းစထိမှန်ခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article