30 C
Yangon

ဂန့်ဂေါတွင် စစ်တပ်က ပျူစောထီးအဖွဲ့ထဲ ဝင်ရန် ဖိအားပေးသောကြောင့် ရွာလုံးကျွတ်ထွက်ပြေး၊ ထွက်ပြေးလာသည့် ပြည်သူများ နေထိုင်ရန် ABSDF တပ်ဖွဲ့က ယာယီတဲများ ဆောက်လုပ် လှူဒါန်း

Must read

ဂန့်ဂေါတွင် စစ်တပ်က ပျူစောထီးအဖွဲ့ထဲ ဝင်ရန် ဖိအားပေးသောကြောင့် ရွာလုံးကျွတ်ထွက်ပြေး၊ ထွက်ပြေးလာသည့် ပြည်သူများ နေထိုင်ရန် ABSDF တပ်ဖွဲ့က ယာယီတဲများ ဆောက်လုပ် လှူဒါန်း

ရန်ကုန်၊ ဇွန် ၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာနေ ပြည်သူများကို ပျူစောထီးအဖွဲ့သို့ ဝင်ရောက်ရန် ဖိအားပေး စေခိုင်းခြင်းကြောင့် နေရပ်ခစွန့်ခွာ တိမ်းရှောင်လာသည့် တောင်ခင်ရန်းခကျေးရွာမှ ပြည်သူများ နေထိုင်ရန် ယာယီတဲများကို ABSDF တပ်ဖွဲ့က ဆောက်လုပ်လှူတန်းပေးခဲ့ကြောင်း သိရသည်။

ABSDF အမှတ် ၁၂ တပ်ရင်း ၊ ယောဒေသနှင့် ဒေသခံ ပ.က.ဖ များ ပူးပေါင်းကာ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာမှာရှိ ရဲစခန်းကို မေလ ၂၅ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူများကို တစ်အိမ်လျှင် တစ်ဦး မဖြစ်မနေ ပျူစောထီး ပြုလုပ်ရန် အကြမ်းဖက် စစ်တပ်က ဖိအားပေးနေခြင်းကြောင့် ပြည်သူများက နေရပ်စွန့်ခွာ လာခြင်း ဖြစ်ကြောင်း သိရသည်။

မေလ ၂၈ ရက်နေ့က တောင်ခင်ရန်းကျေးရွာကို ကာကွယ်ရန် ဟူသည့် အကြောင်းပြချက်ဖြင့် တောင်ခင်ရန်းနယ်မြေရဲစခန်းမှ ကျေးရွာလူထုအား အစည်းဝေးခေါ်ခဲ့ပြီးနောက် ပျူစောထီး ပြုလုပ်ရန် ဖိအားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တောင်ခင်ရန်း ကျေးရွာမှ ပြည်သူများသည် ရွာလုံးကျွတ် စွန့်ခွာလာပြီး လူဦးရေ ထောင်နဲ့ချီရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article