25 C
Yangon

ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအတွင်းကို မေလ ၃၁ ရက်နေ့ ည ၇ နာရီ ၂၈ မိနစ်တွင် ကျိုက်ထိုအခြေစိုက် အကြမ်းဖက် စစ်တပ်၏ တပ်မ−၄၄ လက်အောက်ခံ ခလရ-၂ က ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်လိုက်သောလက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က သတင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် လှည်းလမ်းကူးကျေးရွာရှိ ဦးရွှေသောင်း၏ နေအိမ်ခြံဝန်း အတွင်းကျရောက်ကာ မိသားစုဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်စောထွန်း ၃၃ နှစ်၏ ဘယ်ခြေ ဘယ်လက်၊ နော်ဝင်းစန္ဒာမြင့် ၃၀ နှစ်၏ ညာခြေနှင့်ရင်ဘက်၊ စောထွန်းလင်း ၃၇ နှစ်၏ဘယ်ပေါင် ဘယ်ရင်ဘတ် ညာပေါင် ညာရင်ဘတ်၊ စောမြင့်မြတ်လင်း ၁၃ နှစ်၏ ဝမ်းဗိုက် ဦးခေါင်း ဘယ်ဖက်လက်၊ စောသိမ်းပိုက်စိုးစံ အသက် ၁၅ နှစ်၏ညာပေါင် ဘယ်လက်နှင့် နော်ယွန်းရတီထွေး ၆ နှစ် ၏ ညာခြေထောက်ကို လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျိုက်ထိုဆေးရုံသို့ ကနဦးပို့ဆောင်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟို၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျိုက်ထိုအခြေစိုက် တပ်မ-၄၄ လက်အောက်ခံတပ်များမှ ကျိုက်ထိုမြို့နယ်အတွင်းသို့ လက်နက်ကြီး များကို မကြာခဏ ပစ်ခတ်လေ့ရှိပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသပြည်သူများမှာ နေ့ရောညပါ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများ၊ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုများနှင့် ထိခိုက်သေဆုံးမှုများကို ကြုံတွေ့နေရပြီး အကြမ်းဖက်စစ်ကောင်စီတပ်များမှာ လူ့အခွင့်ရေးကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article