29 C
Yangon

Danger Force LPDF တပ်ဖွဲ့ တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနား ပြုလုပ်

Must read

Danger Force LPDF တပ်ဖွဲ့ တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနား ပြုလုပ်

ရန်ကုန်၊ ဇွန် ၆

စစ်ကိုင်းတိုင်း တစ်နေရာ၌ Danger Force LPDF တပ်ဖွဲ့ တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ တော်လှန်ရေးလုပ်ငန်းများကို Knight Of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့အမည်ဖြင့် စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ၊ ဇွန်လ ၆ ရက်နေ့က စတင်ကာ Danger Force LPDF အဖြစ် ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံ ၊ အခက်အခဲပေါင်းစုံဖြင့် တော်လှန်ခဲ့ကြောင်း သိရသည်။

ယင်းသို့ နည်းလမ်းပေါင်းစုံ အခက်အခဲပေါင်းစုံဖြင့် စတင်ဖွဲ့စည်း တော်လှန်ခဲ့ကြသည်မှာ ယခုဆိုလျှင် ၁ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ Danger Force LPDF သည် မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုအောက်တွင်တည်ရှိနေသည့် အဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ချမှတ်ထားသော လမ်းစဥ်များ အတိုင်း နည်းစနစ်ကျကျ စည်းကမ်းတကျဖြင့် ဖွဲ့စည်း တော်လှန်နေသောအဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိ တစ်ဦးက ပြောဆိုသည်။

Danger Force LPDF အဖြစ် ရပ်တည်နိုင်ခြင်းသည် ပြည်သူများ၏ အလှူငွေများနှင့် ပံ့ပိုးကူညီမှုများကြောင့် အခက်အခဲများ အားလုံးကိုကျော်လွှားနိုင်ခြင်းဖြစ်၍ Danger Force LPDF ရဲဘော်များအားလုံးမှ ပြည်သူများကို အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ တော်လှန်ရေးလုပ်ငန်းများကိုလည်း ယခင်ကထက် ပို၍ပို၍ အရှိန်အဟုန်မြင့်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Danger Force LPDF ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article