29 C
Yangon

ကသာတွင် စစ်တပ်က ဇွန်လဆန်းပိုင်းမှစတင်၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာ များကို ဆက်တိုက် မီးရှို့၊ ထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ပြည်သူများကို ပေါ်တာဆွဲခြင်းများ စစ်တပ်က လုပ်ဆောင်ခဲ့

Must read

ကသာတွင် စစ်တပ်က ဇွန်လဆန်းပိုင်းမှစတင်၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာ များကို ဆက်တိုက် မီးရှို့၊ ထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ပြည်သူများကို ပေါ်တာဆွဲခြင်းများ စစ်တပ်က လုပ်ဆောင်ခဲ့

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်တပ်က ဇွန်လဆန်းမှစတင်၍ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့မှုများလုပ်ဆောင်လာကာ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ အတွင်း စစ်တပ်ဘက်မှ ၃ ဦးထက်မနည်း သေဆုံးကြောင်း ကသာ ပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဇွန်လ ၁ ရက်နေ့မှစတင်၍ စစ်တပ်စစ်ကြောင်းက ကသာမြို့နယ်အတွင်း ဝင်ရောက်လာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ နံနက် ၄ နာရီဝန်းကျင် သံပုရွာ အထက်ဘက်တွင် ကသာခရိုင် PDF တရင်း ၁ နှင့်စစ်တပ် စစ်ကြောင်းအကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် နွယ်နီအိုင်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် KIA ၊ ပကဖ တပ်များအကြား ပိလ္လဟာကျေးရွာ အနီးထိတွေ့မှုဖြစ်ပွားကြောင်း၊ အင်အား ၈၀ ကျော်ပါ စစ်ကြောင်းက ပြည်သူ ၅၀ ကျော်ကို စစ်ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်လာကြောင်း၊ တိုက်ပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုနှင့် ရွာအတွင်း ဝင်ရောက်ပစ်ခတ်မှုများကြောင့် ပိလ္လဟာကျေးရွာမှ အသက် ၆၀ အရွယ် ဒေါ်သန်းလှ လက်မောင်းဒဏ်ရာရကြောင်း၊ ယင်းနောက် ညောင်ခြေထောက်ကျေးရွာမှ နေအိမ်နှင့် လှေများကို စစ်တပ်က မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂ ရက်နေ့ ည ၈ နာရီအချိန် ကသာမြို့နယ် နတ်လှိုင်ရွာ မှ စစ်တပ်စစ်ကြောင်းကို KIAနှင့် မိုးတားပကဖ ပူးပေါင်းတပ်များက သါားရောက် ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်လ ၂ ရက်နေ့တွင် ပိလ္လာဟာကျေးရွာနှင့် ညောင်ခြေ ထောက်‌ကျေးရွာမှ နေအိမ် ၇၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လှေဘိုကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် ကသာမြို့နယ်၊ နတ်လှိုင်ကျေးရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ရေပြာချောင်းအနီး KIA+မိုးတား ပကဖ များနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ ၂၀ မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ပြီး စစ်တပ် ၃ ဦးထက် မနည်းသေနိုင်ပြီး ဒဏ်ရာများရနိုင် သိရှိရသည်။

ယင်းနေ့ ဇွန်လ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ

၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် စစ်တပ် တိုက်လေယာဉ် ဖြင့် အင်းကြီးရွာ ၊ပွဲစမိတ်ရွာ၊ ကိုးလောင်ကျွန်း စသည့်နေရာများကို ပစ်ခတ်သွားခဲ့ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် အင်းကြီးရွာအထက်ဘက်မှ တဲတစ်လုံး မီးလောင်ပြီး ပြည်သူတစ်ဦး လက်မောင်းဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဇွန်လ ၇ ရက်နေ့တွင် ကသာမြို့နယ်၊ မင်းလယ်အနီး ဘုရားငါးဆူမှ ထွက်သော စစ်ကြောင်းက မက်လင်ချောင်ရွာမှ ပြည်သူများကို စစ်ပေါ်တာ အဖြစ် ခေါ်ဆောင်သွားကြောင်း ၊ ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင်အင်းရွာ သပြေသာမှ စစ်ကြာင်းသည် ပျဉ်လေးပင်ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article