38 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇွန် ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကံမမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီအတွက် ငွေရှာပေးနေတဲ့ သာကြီး တောင်ရေနံမြေမှ ဌာနမှူး အောင်မိုး ဆိုသူနဲ့ ရေနံမြေရဲ ၂ ဦး အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦးဟာ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဖမ်းဆီးမှု ခံရပြီး ပျောက်ဆုံးနေတယ်လို့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ဆီကနေ သိရပါတယ်။

– ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်၊ ရွှေဆင်မြို့မှာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အမည်ခံ အဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေသွားတယ်လို့ ကိုးကန့် သတင်းဌာန The Kokang ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-တနင်္သာရီမြို့နယ်၊ ချောင်းညီကို ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီ ဘက်က ၁၀ ဦးဝန်းကျင် သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article