32 C
Yangon

စေတုတ္တရာမြို့နယ်ရှိ တပွင်ရွာ ရဲစခန်းကို သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပျူစောထီး ၂ ဦး ဖမ်းဆီး ရမိ

Must read

စေတုတ္တရာမြို့နယ်ရှိ တပွင်ရွာ ရဲစခန်းကို သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပျူစောထီး ၂ ဦး ဖမ်းဆီး ရမိ

ရန်ကုန်၊ ဇွန် ၂၀

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ရှိ တပွင်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ရရှိပြီး ပျူစောထီး ၂ ဦး ဖမ်းဆီး ရမိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇွန်လ ၁၅ ရက်နေ့၊ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅နှင့် ကပစ ၂၀ မှ ပူးပေါင်းတပ်ဖွဲ့များ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော တပွင်ရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင်၊ တပ်ရင်း ၃ က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားချိန်အတွင်း အကြမ်းဖက် စစ်သားများက စခန်း စွန့်ခွာ ထွက်ပြေးသွားပြီး ပျူစောထီး ၂ ဦးကို ဖမ်းဆီးရမိကာ ဆိုင်ကယ် ၁ စီးနှင့် ရိက္ခာ အနည်းငယ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်သားများ ဆုတ်ခွာသွားပြီးနောက် တပွင်ရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF (စစ်ရုံးချုပ်) NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article