28 C
Yangon

သရက်ချောင်း၊ ရငဲရွာသားများကို စစ်တပ်က ရွာထဲ၌ နေထိုင်ရန် ခေါ်ဆောင်ပြီး ပြန်လာသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်၊ ကျေးရွာ ၁၁ ရွာမှ ပြည်သူများ စစ်ရှောင်နေရ

Must read

သရက်ချောင်း၊ ရငဲရွာသားများကို စစ်တပ်က ရွာထဲ၌ နေထိုင်ရန် ခေါ်ဆောင်ပြီး ပြန်လာသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်၊ ကျေးရွာ ၁၁ ရွာမှ ပြည်သူများ စစ်ရှောင်နေရ

ရန်ကုန်၊ ဇွန် ၂၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာသားများကို အကြမ်းဖက် စစ်တပ်က ရွာထဲ၌ နေထိုင်ရန် ခေါ်ဆောင်ပြီး ပြည်လာသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရငဲရွာသားများကို ကျေးရွာအတွင်း ပြန်လည် နေထိုင်ရန် ပြောဆိုပြီးနောက် ရွာထဲပြန်လာသူများကို စစ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ကြောင်း သိရသည်။

” ရငဲရွာထဲလာနေထိုင်ပါလို့ စစ်ခွေးတွေက စစ်ရှောင်တွေကို ပြန်ခေါ်နေလို့ ဝင်လာသူတွေကို လိုက်ပစ်သတ်နေတယ်။ အဲတာ ၁၉ ရက်နေ့က ဖြစ်တာ စစ်ရှောင်ရွာက ၁၁ ရွာရှိတယ် တချို့တွေ ပြန်ဝင်တာရှိတယ်။ အခုပြန်ရှောင်နေတာတွေရှိတယ်။ စစ်ခွေးတွေက ရငဲမှာ တပ်စွဲထားတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ရငဲရွာ အရှေ့ဘက် ဘုရားတောင်တွင် တပ်စွဲနေထိုင်ပြီး အရာရှိဟု ယူဆရသူ ၁ ဦးသည် ရွာအဝင် တံတားအနီးရှိ နှစ်ထပ်တိုက်အိမ်၌ တပ်စွဲထားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဝင်းဝ၊ မင်းဒပ်၊ သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကနက်သီရိ စသည့် ကျေးရွာ ၁၁ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ စစ်ဘေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

Photo – သရက်ချောင်းမြို့နယ်အတွင်း မိုးထဲရေထဲ စစ်ဘေးရှောင်နေရသော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article