29 C
Yangon

ဘယ်လာရုစ်နိုင်ငံ၏ ကြားဝင်မှုဖြင့် မော်စကိုသို့ ချီတက်နေသည့် တပ်များ ကို ပြန်လှည့်ခိုင်းထားဟု Wanger ခေါင်းဆောင်ပြောဆို

Must read

ဘယ်လာရုစ်နိုင်ငံ၏ ကြားဝင်မှုဖြင့် မော်စကိုသို့ ချီတက်နေသည့် တပ်များ ကို ပြန်လှည့်ခိုင်းထားဟု Wanger ခေါင်းဆောင်ပြောဆို

■ ရုရှားနိုင်ငံ၊မော်စကိုမြို့တော်ဝန်းကျင်တွင် ရုရှားစစ်တပ်က တံတားများချိုး၊ လမ်းများဖြတ်တောက်၊ ကျင်း များတူးထား

ရန်ကုန်၊ ဇွန် ၂၅

ဘယ်လာရုစ် သမ္မတ၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် Wanger တပ်ဖွဲ့က မော်စကိုသို့ ချီတက်နေသည့် တပ်များကို ပြန်လှည့်ခိုင်းလိုက်ပြီဖြစ်ကြောင်း Wanger ခေါင်းဆောင်က သတင်းထုတ်ပြန်သည်။

ရုရှားစစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ဟု ကြွေးကြော်ထား သည့် Wanger ကြေးစားတပ်ဖွဲ့က ရုရှားနိုင်ငံ၊မော်စကိုမြို့တော်သို့ ဆက်လက် ချီတက်နေခဲ့ရာမှ ဘယ်လာရုစ်၏ ညှိနှိုင်းမှုဖြင့် တပ်များကို ဆက်လက် မချီတက်တော့ဘဲ

လှည့်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားစစ်တပ်က တံတားများချိုး၊ လမ်းများဖြတ်တောက်၊ ကျင်းတူးခြင်းဖြင့် လမ်းပန်း ဆက်သွယ်ရေး ဖြတ်တောက်ကာ Wanger တပ်ဖွဲ့ကို တားဆီးရန် ကြိုးပမ်းနေခဲ့ကြောင်း သိရှိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းနယ်စပ်ရှိ တပ်များကို ပြန် လည်ခေါ်ယူထားပြီး လက်ရှိတွင် Wanger ကြေးစားတပ်ဖွဲ့များက မြို့ ၂ ခုကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ရုရှားဝန်ကြီးချုပ် Dmitry Medvedev က Wanger တပ်ဖွဲ့၏ စစ်ရေး လှုပ်ရှားမှု ကို အာဏာသိမ်းရန် ကြိုးပမ်းမှုအဖြစ်ထုတ်ပြန်‌ ပြောဆိုသည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့ပတ်ဝန်းကျင်ကို ရုရှားလုံခြုံရေးတပ်ဖွဲ့များက ကျင်းများ တူးခြင်း၊ တံတားများချိုးခြင်း၊ လမ်းများကို ကားများဖြင့် ပိတ်ဆို့ခြင်းဖြင့် လမ်း ပန်း ဆက်သွယ်ရေး ဖြတ်တောက်ကာ Wanger တပ်များ ကာကွယ်တား ဆီး ရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article