30 C
Yangon

ABSDF အဖွဲ့က ပုလဲမြို့နယ်တွင် ရောက်ရှိနေပြီး ပကဖ ရဲ ဘော်များနှင့်အတူ တိုက်ပွဲဝင်နေ၊ ပြည်သူများက အောင်သပြေပန်းဖြင့် သောင်းသောင်းဖျဖျ ကြိုဆို

Must read

ABSDF အဖွဲ့က ပုလဲမြို့နယ်တွင် ရောက်ရှိနေပြီး ပကဖ ရဲ ဘော်များနှင့်အတူ တိုက်ပွဲဝင်နေ၊ ပြည်သူများက အောင်သပြေပန်းဖြင့် သောင်းသောင်းဖျဖျ ကြိုဆို

ရန်ကုန်၊ ဇွန် ၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ခုခံ တိုက်ခိုက်ပြီး ပြန်လာသည့် ABSDF နှင့် ပုလဲမြို့နယ် ပကဖ ရဲဘော်များကို ပြည်သူများက အောင် သပြေပန်းဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအနီး ၁၀ ရက်ကျော် စစ်ကြောင်းထိုးပြီး ကျေးရွာ များ အတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်ဖျက်ဆီးနေသည့် အကြမ်းဖက်စစ် သားများ ကို ABSDF တပ်ဖွဲ့နှင့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲဘော်များက ဟန့်တား တိုက်ခိုက်ခဲ့ရာ ကျေး ရွာအချို့မှ ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ကာကွယ်ပေး နိုင်ခဲ့ကြောင်း သိရသည်။

ထို့သို့ ကာကွယ်ပေးနိုင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပုလဲမြို့နယ်အတွင်းနေ ပြည်သူ များက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြပြီး ABSDF ရဲဘော်များကလည်း အထူး ကျေးဇူး တင်ရှိပါ ကြောင်း ABSDF Column – 3 က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article