28 C
Yangon

မြောင်မြို့နယ်၊ စစ်တပ်စခန်းတွင် မွေးနေ့ပွဲကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

မြောင်မြို့နယ်၊ စစ်တပ်စခန်းတွင် မွေးနေ့ပွဲကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း၌ မွေးနေ့ပွဲကျင်းပနေစဉ် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း CDSOM မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ဇွန်လ ၂၅ ရက် ညနေ ၃ နာရီခွဲခန့်က မြောင်မြို့နယ်၊ အကြမ်းဖက်စစ်တပ်စခန်း၌ မွေးနေ့ ပွဲ ကျင်းပနေစဉ် Shar Htoo WAW နည်းပညာ (တိုက်ခိုက်ရေး Fixed Wing Drone) ၂ စီးကို အသုံးပြုပြီး ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၃ လုံးမှာ စခန်းအတွင်းကျရောက် ပေါက်ကွဲ ခဲ့ပြီး ၂ လုံးမှာ စခန်း၏ အခြေ ကင်းများနေရာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဗုံးကျဲတိုက် ခိုက်မှု ကြောင့် အကြမ်းဖက်စစ်သား များ ကစဉ့်ကလျားဖြစ်သွားပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးအထက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို CDSOM အနောက်ပိုင်းတိုက်ခိုက်ရေး 001 တပ်ဖွဲ့၊ မြောင်မြို့နယ် ပလဖ (အကြမ်း ဖက်နှိမ်နှင်းရေး) ဗိုလ်ကျားသစ်နှင့်အဖွဲ့၊ မြောင်မြို့မတိုက်နယ် ပကဖ၊ Bomb God နှင့် CDSOM ၏ အရှေ့ပိုင်း ၀၀၇ အဖွဲ့ စသည့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article