36 C
Yangon

သထုံမြိုနယ် နှင့် ဘီးလင်းမြိုနယ်အစပ်ရှိ ရွှေရောင်ပြရွာအနီး ကျုံအိတ်တံတား မိုင်းကွဲမှုကြောင့် ပြိုကျသွားပြီး ကား ၃ စီးပါ ပျက်စီးကာ လူထိခိုက်မှုရှိ

Must read

သထုံမြိုနယ် နှင့် ဘီးလင်းမြိုနယ်အစပ်ရှိ ရွှေရောင်ပြရွာအနီး ကျုံအိတ်တံတား မိုင်းကွဲမှုကြောင့် ပြိုကျသွားပြီး ကား ၃ စီးပါ ပျက်စီးကာ လူထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၂၉

မွန်ပြည်နယ်၊ ရန်ကုန်- မြ၀တီလမ်းပေါ် သထုံနှင့်ဘီးလင်းမြို့နယ်အကြားရှိ ရွှေရောင်ပြကျေးရွာအနီး ကျုံအိတ်တံတား ယနေ့ နံနက်အစောပိုင်း မိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားရာ ကား ၃ စီးပါ ထိခိုက်ကာ လူထိခိုက်မှု ရှိကြောင်း ဒေသ ပြည်သူများက ပြောသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ဘီးလင်းနှင့်သထုံမြို့နယ်အကြား ရွှေရောင်ပြ ကျေးရွာအနီး ကျုံအိတ်တံတားတွင် မိုင်းကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ မိုင်းကွဲမှု ကြောင့် တံတားပြိုကျပြီး ကား ၃ စီးပါ တံတားပြိုကျမှုတွင် ပါဝင်သွားကြောင်း သိရှိရသည်။

“မနက် ၃ နာရီခွဲ ၄ နာရီလောက်ရှိမယ်။ အုန်းဆိုတဲ့ အသံကြီးနဲ့ တံတားပြို ကျ တာ။ ကျနော်တို့လည်း သွားကြည့်တော့ တံတားအောက်မှာ ကား ၂ စီး တော့ တံတားပြိုတဲ့အထဲပါသွားတယ်။ တံတားပေါ်မှာက ကား ၁ စီးထိထား တယ်။ ခဏ နေတော့ လူနာတင်ယာဉ်တချို့နဲ့ စစ်ခွေးတွေရောက်လာကြတယ်။ လမ်း က တော့ ဖြတ်မရတော့ဘူး။ တံတားကတော့ လုံး၀ သုံးမရတော့ဘူး။ ဒါပေမယ့် ကျန်တဲ့ တံတားတစ်ခြမ်းကနေ ကားတွေတော့ အလှည့် ကျ ဖြည်းဖြည်းလေး တော့ ဖြတ်ခွင့်ပေးနေသေးတယ် ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်နှင့် ရဲများက ပြိုကျသွားသည့် တံတားနားတွင် လုံခြုံရေး ထူထပ်စွာ ချထားပြီး ကားတချို့ကို ဖြတ်သန်းခွင့်ပေး နေကြောင်း၊ ကားများ ပိတ်ဆို့နေပြီး တစ်စင်းပြီးမှ တစ်စင်း ဖြည်းဖြည်းသာ မောင်းနှင် ဖြတ်သန်း နေကြောင်း သိရှိရသည်။

“အဲဒီတံတားက ရန်ကုန်-မော်လမြိုင်-မြ၀တီလမ်းအတွက် အရေး ပါတယ်။ လမ်းတော့ ခဏတော့ ပိတ်ရမယ်ထင်တယ်။ ကုန်ကားတွေတော့ တက်မရ လောက်ဘူး။ ” ဟု ကားသမားတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ရန်ကုန်-မော်လမြိုင်-မြ၀တီ လမ်း ကြောကို စစ်ကြောင်းများ လှည့်လည်ခြင်း၊ ရိက္ခာနှင့်လက်နက်၊ လူအင် အားများ ဖြည့်တင်းခြင်းများအတွက် အဓိက အသုံးပြုလျက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article