ထိုင်းနိုင်ငံ၊ မြန်မာသံရုံးရှေ့တွင် မင်းအောင်လှိုင် အသုဘအဖြစ် အမည်း ရောင် ဝတ်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြမည်
ရန်ကုန်၊ ဇွန် ၃၀
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မင်းအောင်လှိုင် အသုဘ အဖြစ် ထိုင်းရောက် မြန်မာနိုင်ငံသားများက အမည်းရောင်ဝတ်၍ ဆန္ဒပြကြ မည်ဖြစ်ကြောင်း သိရှိရသည်။
ဇူလိုင် ၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအထိ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၊ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအဖြစ် မင်းအောင်လှိုင် အသုဘ ချကြမည်ဖြစ်ကြောင်း၊ မင်းအောင်လှိုင်၏ အသုဘချရာတွင် ဘ၀ ကူး မကောင်းစေရန် ကျိန်စာတိုက်မည်ဖြစ်ပြီး ဆန္ဒပြပွဲ လာရောက်သည့် မြန်မာနိုင်ငံသားတိုင်း အမည်းရောင် ဝတ်ဆင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
“တနင်္လာနေ့က အလုပ်ဖွင့်ရက်၊ ရုံးဖွင့်ရက်ပေမယ့် ဆန္ဒပြပွဲ မင်းအောင်လှိုင် အသုဘ ကျိန်စာတိုက်ပွဲ သွားဖို့ရှိပါတယ်။ အဲဒီနေ့ လူတော့ များမယ်” ဟု ဆန္ဒပြပွဲ သွားရောက်ရန် စီစဉ်နေသူ မြန်မာတစ်ဦးက ပြောဆိုသည်။