28 C
Yangon

ဝက်လက်၊ ရွှေကျင်ရွာအနီး၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ဦး-မြင်းခြံလမ်းပေါ်ရှိ စစ်တပ်ဂိတ်ကို ဗုံးခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ဝက်လက်၊ ရွှေကျင်ရွာအနီး၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ဦး-မြင်းခြံလမ်းပေါ်ရှိ စစ်တပ်ဂိတ်ကို ဗုံးခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ရွာအရှေ့ဘက်ရှိ ရွှေညောင်တော်ဘုရား၌တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုး)အဖွဲ့မှ တာဝန်ရှိ သူတစ် ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂ ရက် ညနေ ၃ နာရီခွဲမှ ၅ နာရီ မိနစ် ၂၀ အထိ အကြမ်းဖက်စစ်သား ၇၀ ခန့်ဖြင့် ယာယီ တပ်စွဲပြီး ပြည်သူလူထုပိုင်ရိက္ခာဆန်များ ခိုးယူပြီး တပ်ပြန်ဆုတ်ရန် ကားပေါ်တင်နေစဉ် ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ လည်း ဒရုန်း ၃ စီးဖြင့် အပြင်၊ စနိုက်ပါ ၊ လက်နက်ကြီးများဖြင့်ပါ ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့က ဒရုန်းစစ်ဆင်ရေးလိုကို တိုက်ခဲ့ရတာဗျ၊ ပထမ ကားပေါ်ကို ပြည်သူတွေဆီကခိုးထားတဲ့ ဆန်အိတ်တွေ ကားပေါ်တင်နေတုန်း ဒရုန်းနဲ့ ဗုံးသီးချခဲ့တာ၊ စစ်ခွေးတွေကဘက် ဒရုန်း ၃ စီးနဲ့ ပြန် တိုက်တယ်၊ စနိုက်ပါတွေရော၊ ၉၀ မမ လက်နက်ကြီးတွေရောပဲ၊ ကျနော်တို့မှာလည်း တစ်ခါချလိုက်၊ နေရာရွှေ့လိုက်နဲ့ချခဲ့ရတာ၊ ထိခိုက်သေဆုံးမှုတော့ ရှိတယ်၊ အတိအကျမသိရဘူး၊ အခုညပိုင်းကတော့ စစ်ခွေးတွေ တပ်ဆုတ်သွားပြီ၊ မရှိတော့ဘူး” ဟု ရွှေဘို ခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုး)အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုး)တပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့ (လေသူရဲ ဒရုန်း တပ်ဖွဲ့) ၊ ဆားတောင်မိုးကြိုးတပ်ဖွဲ့နှင့် ရွှေဘိုခရိုင် တပ်ရင်း ၁၅ ၊ တပ်ခွဲ ၃ Eagle ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ရွာအနီး၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁၂ ဦးကို သတ်ဖြတ်ခဲ့သည့်စစ်ကြောင်းဖြစ်သဖြင့် လက်စားချေတုန့်ပြန်နိုင်ရန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-မြင်းခြံလမ်းမပေါ်တွင် ပိုက်ဆံကောက်နေသော အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ ကြောင်း Bagan Ogre Force( ပုဂံပြည် ဘီလူးတပ်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီခန့်က ညောင်ဦး- မြင်းခြံလမ်းမပေါ်တွင် အကြမ်းဖက်စစ်သား၊ ပျူ စောထီး ပူးပေါင်းပြီး ပြည်သူများအပေါ် အတင်းအဓမ္မပိုက်ဆံကောက်နေသော ကျောစီစစ်တပ် စစ်ဆေး ရေးဂိတ်ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးခရိုင်တပ်ရင်း ၅ အရိန္ဒမာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပုဂံပြည်ဘီလူး တပ်(Bagan Ogre Force) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်တပ်ယာဉ်တန်းများ၊ စစ်တပ်ထောက်တိုင်အပေါင်းပါများနှင့်အတူ နေထိုင်စားသောက်ခြင်းများ ဝေးဝေးရှောင်နေကြရန် သတိပေးမေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article