32 C
Yangon

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ညိုစစ်ကြောင်းမှ အမျိုးသမီး ရဲဘော်များ ရှေ့တန်းစစ်မျက်နှာပြင်တွင်ပါ တာဝန်ထမ်းဆောင်နေ

Must read

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ညိုစစ်ကြောင်းမှ အမျိုးသမီး ရဲဘော်များ ရှေ့တန်းစစ်မျက်နှာပြင်တွင်ပါ တာဝန်ထမ်းဆောင်နေ

ရန်ကုန်၊ ဇူလိုင် ၄

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ညို စစ်ကြောင်းမှ အမျိုးသမီး ရဲဘော်များ ရှေ့တန်းစစ်မျက်နှာပြင်တွင်ပါ တာဝန် ထမ်းဆောင်နေကြောင်း ကစယ့်သူးတပ်ရင်း- တောင်ညိုမှ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် တောင်ညိုစစ်ကြောင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ညွှန် ကြား ချက်များနှင့်အညီ နယ်မြေစိုးမိုးရေး ကင်းလှည့်မှုများ စစ်ဆေးရေးများ ဆောင်ရွက်နေရာတွင် အမျိုးသမီးစစ်သည်များက ရှေ့တန်းစစ် မျက်နှာ ပြင်အထိ လိုက်ပါ တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်ဟုဆိုသည်။

“”ရှေ့တန်းဘယ်သူလိုက်မလဲဟေ့ “ဆိုတာနဲ့ ကျွန်မတို့ လိုက်မယ်ဆိုတဲ့ “အာဂအမျိုးသမီးများ” တောင်ညိုစစ်ကြောင်းရဲ့ အမျိုးသမီးရဲ ဘော်များ ဟာလည်း ရှေ့တန်းစစ်မျက်နှာပြင်ထိ လိုက်ပါ၍ တာ၀န်ထမ်းဆောင်နေ ကြသလို အမျိုးသားများနည်းတူ တိုက်ပွဲအတွေ့အကြုံတွေလည်း အတော် အသင့်ရရှိနေကြပြီးပဲဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ချင်စိတ်ကလည်း အင်မတန်လေးစားဖို့ ကောင်းလှပါတယ်။

ရှေ့တန်းဘယ်သူလိုက်မလဲ ဆိုတာနဲ့ ကျွန်တော်တို့လိုက်မယ်ဆိုတဲ့ စကား သံများထဲမှ ” ကျွန်မတို့ လိုက်မယ်”ဆိုတဲ့ အမျိုးသမီးများရဲ့ စကား သံများ ဟာလည်း တော်လှန်ရေးအတွက် ထိုအမျိုးသမီးများအပေါ် ဂုဏ်ယူ ဖွယ် ဖြစ်ခဲ့ပါတယ်” ဟု ကစယ့်သူးတပ်ရင်း- တောင်ညိုက တရားဝင် သတင်း ထုတ်ပြန်ထားသည်။

“သတင်းထုတ်ပြန်ချက်အတိုင်းပါပဲ အမျိုးသမီးစစ်သည်တော်တွေက တာဝန် ထမ်းဆောင်တဲ့အပြင် အခြားသော ရှေ့တန်စစ်မျက်နှာပြင်တွေမှာလည်း တာ ဝန် ထမ်းဆောင်နေကြပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးအတွက် အား လုံး တက်ကြွနေကြတာ ပြည်သူတွေ သိမြင်စေချင်ပါတယ်” ဟု ကစယ့်သူး တပ် ရင်း- တောင်ညိုမှ ရဲဘော်က ‌ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article