37 C
Yangon

သရက်ချောင်း၊ ဥတ္တူရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ပြီး ငွေကျပ် သိန်း ၅၀၀ ကျော်နှင့် ရွှေထည် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွား

Must read

သရက်ချောင်း၊ ဥတ္တူရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ပြီး ငွေကျပ် သိန်း ၅၀၀ ကျော်နှင့် ရွှေထည် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဇူလိုင် ၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာရှိ နေအိမ် ၁ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူသွားကြောင်း Dawei information center-2 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထားဝယ်မှဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၆ စီးပါ ယာဥ်တန်းသည် ဥတ္တူရွာအတွင်း ဝင်ရောက်ပြီး ရွာသားတစ်ချို့ကို အကြောင်းမဲ့ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ တန်ဖိုးကြီး ရွှေ၊ ငွေ ပစ္စည်းများကို ခိုးယူခဲ့ကြောင်း၊ လူမရှိသည့် နေအိမ် ၁ လုံးကို ၂ ခါ မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ထဲရှိပစ္စည်းများ အားလုံးပြာကျခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားချိန်၌ ပြည်သူ ၆ ဦးကို​ဖမ်းဆီးသွားပြီး ငွေကျပ်သိန်း ၅၀၀ ကျော်နှင့် ရွှေအများအပြားကို ခိုးယူကာ ထားဝယ်သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ကဇိရွာ၌ အုပ်ချုပ်ရေးမှူး ဦးညိုစိုးသည် နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်၏ ဝါဒဖြန့်ချီရေး Telegram channel များမှ ဥတ္တူရွာအား PDF တပ်ဖွဲ့များဝင်သွားသဖြင့် ၎င်းရွာအား ထိထိရောက်ရောက် နယ်မြေရှင်းလင်းပေးပါရန် အကြမ်းဖက် စစ်တပ်ထံ ကူညီတောင်းခံစာများရေးသားပြီးနောက် အကြမ်းဖက် စစ်တပ်က ဥတ္တူရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article