36 C
Yangon

သန်လျင် စုပေါင်းရုံးအနီးတွင် ညသန်းခေါင်ယံအချိန် ဗုံးပေါက်ကွဲပြီး သာကေတ တွင်လည်း ဗုံးပေါက်

Must read

သန်လျင် စုပေါင်းရုံးအနီးတွင် ညသန်းခေါင်ယံအချိန် ဗုံးပေါက်ကွဲပြီး သာကေတ တွင်လည်း ဗုံးပေါက်

ရန်ကုန်၊ ဇူလိုင် ၄

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင် စုပေါင်းရုံးအနီးတွင် ညသန်းခေါင်ယံ အချိန် ဗုံးပေါက်ကွဲကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ည ၁၁ နာရီ ၃၃ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှု ရှိ သည် ဟု သိရှိရကြောင်း၊ လက်ရှိတွင် စစ်တပ်နှင့်ရဲများက သန်လျင်ဘက်သို့ ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

“ပေါက်ကွဲသံကတော့ အတော်ကိုယ်ကျယ်တယ်။ ခဏနေတော့ ရဲကားတွေ အတင်းမောင်းသွားတာတွေ့တယ်။ လူထိခိုက်မှုရှိတယ်လို့ ပြောတယ်” ဟု သန်လျင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ သာကေတမြို့နယ်တွင် ယနေ့ည ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှု အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- အာဏာသိမ်းပြီးစ ညအချိန် ကင်းလှည့်နေသည့် အကြမ်းဖက် ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article