39 C
Yangon

ရန်ကုန်မြို့တွင် စစ်ကောင်စီ တပ်စခန်း ၂ ခု၊ ဦးစီးဌာန ၃ ခုနှင့် စစ်ဆေးရေးနေရာ ၁ ခု ကို ဗုံး ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရ

Must read

ရန်ကုန်မြို့တွင် စစ်ကောင်စီ တပ်စခန်း ၂ ခု၊ ဦးစီးဌာန ၃ ခုနှင့် စစ်ဆေးရေးနေရာ ၁ ခု ကို ဗုံး ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၅

ရန်ကုန်မြို့တွင် စစ်ကောင်စီ တပ်စခန်း ၂ ခု၊ ဦးစီးဌာန ၃ ခုနှင့် စစ်ဆေးရေးနေရာ ၁ ခု ကို ဗုံး ၁၂ လုံးဖြင့် ယမန်နေ့ညပိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က တရားဝင်ကြေညာသည်။

ဇူလိုင်လ ၄ ရက်နေ့ ညပိုင်း ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ ခုရှိ စစ်ကောင်စီ၏ တပ်စခန်း ၂ ခု၊ စစ်ကောင်စီ၏ထောက်တိုင် ဦးစီးဌာန ၃ ခု၊ စစ်ကောင်စီ၏ ပြည်သူအားအနိုင်ကျင့် စစ်ဆေးရေး လုပ်နေသော နေရာ ၁ ခုတို့ကို ဗုံး ၁၂ လုံး အသုံးပြု၍ ရန်ကုန်မြို့ပြ ပြောက်ကျားအင်အားစုက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြိုနယ်တရားရုံး ၊ လှိင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း၊ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာနှင့် အောင်ချမ်းသာအစပ်အကြား တပင်ရွှေထီးလမ်းရှိ ပြည်သူ့ဆိုင်ကယ်များကို စစ်တပ်က မတရားစစ်ဆေးနေသည့် နေရာအနီးတို့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Anonymous Fighters Force -AFF က ဦးဆောင်ပြီး Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army – EGA ၊Rangoon Urban Force တိုမှ ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးတွင် အကြမ်းဖက် စစ်ကောင်စီတချို ထိခိုက်မှုရှိခဲ့ကာ လှိင်သာယာမြိုနယ် အရှေ့ပိုင်းရဲစခန်းမစ်ရှင်နှင့် သန်လျင် မြို့ နယ် မစ်ရှင်တို့တွင် စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း ထိခိုက်မှုများရှိခဲ့ကြောင်း သိရှိရသည်။

“လှိုင်သာယာ ၅ ထိပ်မှာ ည ၈ နာရီ ၃၈ နဲ့ ည ၉ နာရီ ၁၅ မိနစ်မှာ ဗုံး ၂ ကြိမ် ပေါက်ကွဲတယ်။ နောက်တစ်ခါ အဲဒီနားကို ပိုက်စိတ်တိုက် ရှာတော့ ဗုံးတွေ့တယ်။ အိတ်နဲ့ ထည့်ထားတာ။ အဲဒါကို ရှင်းလင်းဖို့ဆိုပြီး လုပ်တာမှာ အိတ်ကို သွားယူတုန်းမှာ ပေါက်ကွဲတယ်ပြောတယ်။ စစ်သား ၂ ဦး တော့ ထိတယ်” ဟု လှိုင်သာယာရဲသတင်းရင်းမြစ်က ပြောသည်။

ထို့အတူ ယမန်နေ့ည ၁၁ နာရီ ၃၃ မိနစ်အချိန် သန်လျင်မြို့နယ်၊ စုပေါင်းရုံးအနီး ပေါက်ကွဲမှု တွင်လည်း ဗုံးတွေ့ရှိ၍ သွားရောက်ရှင်းလင်းရန် ကြိုးပမ်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား တချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူထားကြသည့် အကြမ်းဖက်တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ် ပါသည်။)

Photo- AFP ။

Security forces sit in the back of a police truck at a checkpoint in Yangon on June 23, 2022. (Photo by AFP)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article