မန္တလေးမြို့တွင်း မစ်ရှင်များ အဆင့်မြှင့်တိုက်ခိုက်နိုင်ရန် “ဆုမဲဝယ်ယူ ခဲယမ်းကူ”ကမ်းပိန်းကို ပူးပေါင်း ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ
ရန်ကုန်၊ ဇူလိုင် ၅
မန္တလေးမြို့တွင်း မစ်ရှင်များ အဆင့်မြှင့် တိုက်ခိုက်နိုင်ရန် “ဆုမဲဝယ်ယူ ခဲယမ်းကူ”ကမ်းပိန်းကို ပူးပေါင်း ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း No More DICTATORSHIP People Defence Force – NMD အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မန္တလေးမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်တပ်စွဲထားရာနေရာများ၊ အကြမ်းဖက်စစ်သားများ၊ ထောက်တိုင်များကို တဆင့်တိုးမြင့်လှုပ်ရှားနိုင်အတွက် ခဲယမ်းဖြည့်တင်းရန်နှင့် UG ရဲ ဘော်များ ဆက်လက်ရပ်တည်နိုင်ရန် “ဆုမဲဝယ်ယူ ခဲယမ်းကူ” ပရော့ဂျက်ကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ NMD အဖွဲ့အနေဖြင့် နှစ်လအတွင်း မစ်ရှင် ၁၀ ခုကျော်ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
“UG တွေမှာ ပြည်သူတွေပဲရှိပါတယ်ဗျ။UG တွေရဲ့ လုပ်နိုင်စွမ်းအားတွေနဲ့ ပြည်သူတွေရဲ့ အကူအညီတွေ သာ ပေါင်းစပ်လိုက်မယ်ဆိုရင် ကျနော်တို့ ယူဂျီတွေဟာ အဆင့်မြင့်တဲ့၊ လုပ်နိုင်စွမ်းမြင့်တဲ့ UG တွေ ဖြစ်လာမှာ အသေချာပါပဲဗျ။ ဆုမဲလေးတွေ ကံစမ်းရင်း မန်း UG တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကျတော်တို့ NMD ကို ထောက်ပို့ပေးဖို့ ပြောပါရစေခင်ဗျ။” ဟု No More DICTATORSHIP People Defence Force – NMD အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ကံစမ်းမဲလက်မှတ်ဝယ်ယူကူညီပေးမည့် မိဘပြည်သူများအနေဖြင့် –
Page Messenger နှင့်
Telegram Acc Link
@LongFenghuang
@NancyNancy56
@minthargyity
သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ကံစမ်းမဲကို စက်တင်ဘာလ ၁ ရက် နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မဲပေါက်သူများကို ပထမဆု – Redmi Note 11 ( Ram 6GB, 128 GB)၊ ဒုတိယဆု – ကျောက်စိမ်းလက်စွပ် ( လက်ရှိပေါက်ဈေး ၂၀၀,၀၀၀ ကျပ်)၊ တတိယဆု – ဖီခြူး လက်ကောက် – (လက်ရှိပေါက်ဈေး ၁၀၀,၀၀၀ ကျပ်ခန့်)ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။