24 C
Yangon

ချောင်းဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံး၊ အရာတော်ရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား

Must read

ချောင်းဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံး၊ အရာတော်ရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား

ရန်ကုန်၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ အမြင့်ရဲစခန်းမှ ထွက်လာသော စစ်ကူစစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ်တော်လှန် ရေးတပ်- CRA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၃ နာရီခန့်က ချောင်းဦးမြို့နယ်အတွင်းရှိ ကံကြီးကုန်းပျူစောထီး ကျေး ရွာနှင့် ကင်းမွန်ထော် ပျူစောထီးကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေ ဆုံးမှု မသိရသေးကြောင်း၊ ထိုသို့ တိုက်ခိုက်နေစဉ် အမြင့်ရဲစခန်းမှ စစ်ကူပေးရန်ထွက်လာသော အကြမ်း ဖက်စစ်တပ်မှာ ကွန်မန်ဒိုတပ် သား ၃၀ ခန့်ရှိ စစ်ကြောင်း ၂ ကြောင်းနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။

“ကျနော်တို့က တာဝန်ခွဲယူရတာပေါ့၊ အနီးဆုံးရဲစခန်းကနေထွက်လာမယ့် ရန်သူကို ကာကွယ်ပေးရတာ၊ အနီးဆုံးရဲစခန်းဖြစ်တဲ့ အမြင့်ရဲစခန်းကလည်း အကူထွက်လာတဲ့အချိန်မှာ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့ ပြီးတော့ တိုက်ပွဲဖြစ်တာပေါ့၊ ကျနော်တို့က လက်လုပ် ရှော့ဂန်း၊ အော်တိုအနည်းငယ်နဲ့ မိုင်း အသုံးပြု ကာကွယ်ရတဲ့အချိန်မှာ မိုင်း ၃ ခါမိတယ်၊ စစ်ခွေးတွေဘက်က စစ်သေနတ်၊ RPG တွေနဲ့ တရစပ်ပစ်ခတ် လို့ ပြန်ဆုတ်တဲ့အချိန်မှာ ရဲဘော်ရဲမင်းလွင်က ဒဏ်ရာရတဲ့သူတွေကို တွဲကူရင်း လက်နက်ကြီးကျည်ထိ ကျတာပါ” ဟု ချောင်းဦးမြို့နယ်တော်လှန် ရေးတပ်- CRA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ်တော်လှန် ရေးတပ်- CRA ၊ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တို့ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကာ မိုင်းမိသေဆုံးမှုကို အတိအကျ မသိရသေးကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်သော လက်နက်ထိမှန်မှုကြောင့် CRA တပ်ဖွဲ့မှ တပ်သား ရဲမင်းလွင်နှင့် တပ်သား လူပျိုကြီး ၊ FRF တပ်ရင်း ၈ မှ တပ်သား ကို K တို့ တို့ ကျဆုံး ခဲ့ရကြောင်း သိရသည်။

ကံကြီးကုန်းရွာနှင့် ကင်းမွန်ထော်ရွာ ပျူစောထီးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် အကြမ်း ဖက်စစ်တပ်က ရေကြောင်း၊ လေကြောင်း မှ စစ်ကူပေး ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် နေ့လည် ၂ နာရီခွဲ ခန့်၌အမြင့်ရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်သားများက ဝယာအုပ်စုအတွင်းရှိ ပြည် သူ့နေအိမ် များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက်နိုင်ရန်ကျည် အင်အား၊ လက်နက်အင်အား နည်းပါးနေပါသဖြင့် ပြည်တွင်း၊ ပြည်ပရှိ မိဘပြည် သူများအ နေဖြင့်ဝိုင်း ဝန်းကူညီ ပေးကြပါရန် ချောင်းဦးမြို့နယ်တော်လှန် ရေးတပ်- CRA မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၉ ဦးသေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း People’s Servant Revolution – Wetlet ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၅ ရက်နေ့က အဆိုပါပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၉ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများကို အရာ တော်မြို့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article