31 C
Yangon

တောင်ငူ-သံတောင် လမ်းပိုင်းတွင် စစ်တပ် လက်အောက်ခံ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်မှု ၂ ဦးစလုံး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိပြီး ကားမီးလောင်

Must read

တောင်ငူ-သံတောင် လမ်းပိုင်းတွင် စစ်တပ် လက်အောက်ခံ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်မှု ၂ ဦးစလုံး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိပြီး ကားမီးလောင်

ရန်ကုန်၊ ဇူလိုင် ၅

ပဲခူးတိုင်းနှင့်ကရင်ပြည်နယ်အစပ် တောင်ငူ-သံတောင် လမ်းပိုင်းတွင် အကြမ်း ဖက် စစ်တပ် လက်အောက်ခံ ငြိမ်ချမ်းရေး အဖွဲ့ဝင် ၂ ဦး ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း People Defense Force Thandaung မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် တောင်ငူ-သံတောင် လမ်းပိုင်းရှိ ပျားစခန်းရွာနှင့် သံတောင်မြို့ အကြားရှိ ကျွန်းခင်းများမှ ကျွန်းသစ်များကို ခုတ်ယူနေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဗိုလ်ကြီး အဆင့်ရှိသူ ခင်မောင်လွင်နှင့် ဘိုဗရာတို့ ၂ ဦးကို People Defense Force Thandaung တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ သံတောင် (အထူး ဒေသ) ငြိမ်းချမ်းရေးအဖွဲ့ဝင် ၂ ဦးထံမှ M1 Carbine သေနတ် ၁ လက်ကျည်၊ ၁၀တောင့်နှင့် မှတ်ပုံတင်၊ အဖွဲ့ဝင်ကဒ်ပြားများ သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့စီး နင်းလာသည့် ကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း People Defense Force Thandaung မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article