26 C
Yangon

ကရင်နီစစ်ရှောင်မိသားစုများစွာ ဆန်ပြတ်လပ်နေပြီး ဝိုင်းဝန်းကူညီပေးကြပါရန် ကရင်နီပြည် စစ်ဘေး ရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက် မေတ္တာရပ်ခံ

Must read

ကရင်နီစစ်ရှောင်မိသားစုများစွာ ဆန်ပြတ်လပ်နေပြီး ဝိုင်းဝန်းကူညီပေးကြပါရန် ကရင်နီပြည် စစ်ဘေး ရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက် မေတ္တာရပ်ခံ

ရန်ကုန်၊ ဇူလိုင် ၇

ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်မိသားစုများစွာ ဆန်ပြတ်လပ်နေပြီး ဆောက်တည်ရာမရဖြစ် နေ ကြရသဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် ကရင်နီပြည် စစ်ဘေး ရှောင် ကူညီစောင့်ရှောက်ရေး ကွန်ယက် မေတ္တာရပ်ခံထားသည်။

ကရင်နီပြည် စစ်ဘေး ရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက် အနေဖြင့် လိုအပ်သော ဆန်များကို အလှူရှင်များ ကိုယ်စား သွားရောက်ပို့ဆောင်ပေးခဲ့ပြီး ဆန်ပြတ်လပ်နေသော မိသားစုများစွာ ရှိနေ သေးကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ဘေးရှောင်မိသားစုများ ဆန်ရရှိရေး ဝိုင်းဝန်း ကူညီပေးကြစေလိုကြောင်း အထူးမေတ္တာရပ်ခံထားသည်။

ကရင်နီပြည်နယ်တွင် ဆန်တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀၀ (ရှစ်သောင်း)အထိရှိနေပြီး နေ့စဉ်လိုလို ဆန် ဆက်လည်းတက်နေသဖြင့် စစ်ဘေးရှောင်မိသားစုများမှာ ပိုမိုအခက်အခဲတွေ့ကြုံနေရကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article